Chapter 112

30.6K 3.7K 308
                                    

Unicode

ကျွန်တော် နီကျားလိုချင်တယ်
__________________________________

ယန်းချင်းချီတစ်ယောက် သူ့ကိုယ်သူ ပြတိုက်ထဲကရတနာလေးလို့တောင် အထင်အမြင်တွေမှားနေမိသည်။ ယွမ်မင်ရွှိကိစ္စရှင်းပြီးကတည်းက ကျန်းမော့ချန်တစ်ယောက် အရင်ကထက်ပိုပြီး ရှစ်ဆလောက်ပိုသဲကဲလာကာ အဆိုးဆုံးကတော့ သူဘယ်သွားသွားလိုက်ဖို့ ဒရိုင်ဘာတစ်ယောက်ခန့်ထားခြင်းပေ။ ဘယ်သွားချင်သွားချင် ဒရိုင်ဘာကိုခေါ်ပြီးကားမောင်းခိုင်းရမည်ဟု ပြောလာကာ နောက်ကနေလည်းတစ်ကောက်ကောက်လိုက်ခွင့်ပြုထားရမည်ဟု ​ပြောလာခဲ့သည်။ ယန်းချင်းချီ ဒရိုင်ဘာဆိုသည့်လူ၏ကြွက်သားတွေနဲ့ အရှိန်အဝါတွေကိုကြည့်ရင်း ဘယ်နေရာက ဒရိုင်ဘာလဲ! ဒီလောက် ဘော်ဒီဂတ်ကြီးမှန်းသိသာနေတာကို!

ဒါပေမဲ့ ယန်းချင်းချီ ဘာတတ်နိုင်ဦးမှာလဲ။ တနေ့တနေ့ ကျန်းမော့ချန်ရဲ့ စိုးရိမ်စကားတွေကို အခေါက်၈ရာလောက် နားပူမတတ် နားထောင်နေရတာကြောင့် ငြင်းဆန်လေ ပိုကဲလေဖြစ်နေမှာစိုးသဖြင့် Ok Ok Ok ဟု ရေရွတ်ကာ တဖက်လူစိတ်တိုင်းကျ သဘောတူပေးလိုက်ရသည်။ ဒရိုင်ဘာလို့ပြောနေမှတော့ ဒရိုင်ဘာပေါ့။ ခင်ဗျားစိတ်ချမ်းသာရင်ပြီးတာပဲ။

သိပ်မကြာခင် မေမေယန်းက သူ့ကိုတစ်ချက်လောက်လာကြည့်ချင်သည်ဟု ဖုန်းဆက်လာသည်။ ယန်းချင်းချီကလည်း အပန်းကြီးသည့်ကိစ္စမဟုတ်တာကြောင့် ချက်ချင်းသဘောတူလိုက်လေသည်။ သို့သော် မေမေယန်းက ရိုးရိုးရှင်းရှင်း တစ်ချက်လောက်လာကြည့်ခြင်းမျိုးမဟုတ်ပဲ သုံးရက်လုံးလုံးမျက်စိဒေါက်ထောက်ကြည့်သွားခြင်းဖြစ်သည်။ သူ့ကိုဂရုစိုက်နေရင်း ဒါတွေစားလို့ရတယ်ဆိုပြီး အတင်းစားခိုင်းမည်။ စားချင်တာလေးရှိလို့ ကောက်စားလျှင်လည်း ရုတ်တရက်ကြီးထအော်ပြီး စားလို့မရဘူးဆိုကာ အတင်းရပ်ခိုင်းမည်။ လူတွေ့တိုင်းအတင်းအိပ်ခိုင်းနေပြီး ကိုယ်ဝန်ဆောင်သည်က အင်တာနက်ကြည့်လို့မရဘူးဟု ပြောကာ ဖုန်းလုသွားလိမ့်မည်။

ယန်းချင်းချီ : ............... Ok ကိုယ်ဝန်ဆောင်သည်အမျိုးသမီးတွေတောင် ငါ့လောက်စည်းကမ်းတင်းကျပ်ခံရမှာမဟုတ်ဘူး။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Completed ||Where stories live. Discover now