''မင်းက သိပ်မာနကြီးတာပဲ''
''ရှင် ဘယ်လိုပြောပြော ကျွန်မ မလိုက်နိုင်ဘူး''
အဖေနဲ့အမေနဲ့ စကားအချေအတင်ပြောနေတာကို
ဘတ်ဟျွန်း ကြည့်နေမိသည်''ကိုယ့်ကို မယုံတာလား''
''မဟုတ်ဘူး ကျွန်မ ကိုယ့်ကိုယ်ကို မယုံတာ''
''အရင်က ခဏပဲ နေခဲ့တာဆိုတော့
အမေတို့က မင်းအကြောင်းကို မသိလိုက်လို့ပါ မိန်းမရာ
ကိုယ့်မိန်းမက အိမ်မှုကိစ္စဆိုလည်း နိုင်နင်းလိုက်တာမှ
ဟင်းချက်လက်ရာကအစ အပြစ်ပြောစရာမရှိ''''အပြစ်ပြောစရာမရှိလည်း
ကျွန်မကို အသိအမှတ်ပြုကြတာမှမဟုတ်တာ''ဘတ်ဟျွန်းအဖေက သက်ပြင်းချလိုက်ရင်း
''အပြီးသွားနေမှာမှ မဟုတ်တာ မိန်းမရာ''
အဖေက ပြောနေရင်းမှ ဘတ်ဟျွန်းကို
သတိရသွားဟန်ဖြင့် ဘတ်ဟျွန်းဘက်ကို လှည့်လာပြီး''အဖေတို့ ရန်ဖြစ်နေတာ မဟုတ်ဘူးနော် သားလေး''
ဘတ်ဟျွန်း မျက်လုံးလေးပိတ်နေအောင် ရယ်ပြလိုက်ရင်း
''သား သိပါတယ် အဖေ''
ဘတ်ဟျွန်းအပြုံးတို့ကို မြင်လိုက်ရလို့ထင်သည်
အမေကလည်း မျက်နှာတင်းနေရာမှ လျော့သွားတော့ဘတ်ဟျွန်းအဖေလည်း အားတက်သွားပြီး
''သားကလည်း ကျောင်းစတက်ရတော့မှာ
ဟိုမှာက ပိုအဆင်ပြေတယ်လေ မိန်းမရဲ့''''ကျွန်မကတော့ မလိုက်နိုင်ဘူး သား လိုက်ရင် ထည့်လိုက်မယ်''
ခေါင်းစဥ်ပြောင်းပြီး ခေါ်ပေမယ့် အလုပ်မဖြစ်သောကြောင့်
အဖေ့ရဲ့ ကျစ်ခနဲ စုတ်သပ်သံ ထွက်လာသည်အမေကလည်း ဘာမှပြန်မပြောသောကြောင့်
ဧည့်ခန်းထဲတွင် တိတ်ဆိတ်သွားသည်ဘတ်ဟျွန်းကတော့ အဖေ နဲ့ အမေ့ကို တစ်လှည့်စီ ငေးလို့
ထို့နောက် အဖေက စိတ်လျော့လိုက်ဟန်ဖြင့်
ဘတ်ဟျွန်းဘက်သို့ လှည့်လာသည်''သားလေး ဘိုးဘိုး နဲ့ ဘွားဘွား ရှိတဲ့ မြို့ကို သိတယ်မလား''