''ရေးးး နောက်ဆုံးတော့ နိုင်သွားပြီ
ငါ မင်းကို နိုင်သွားပြီနော် ဘတ်ဟျွန်း''''အေးပါ အိမ်သာကို မြန်မြန်သွားစမ်းပါ ထွက်ကျကုန်တော့မယ်''
ပြောလိုက်တာက ဘတ်ဟျွန်းမဟုတ် ဂျီနာ
''ငါနိုင်တာနော်''
ပြောပြောဆိုဆို ချန်းယောလ် ဂိမ်းခလုတ်ကို ချပြီး
အိမ်သာသို့ ပြေးတော့သည်''ဟျွန်း နင် တမင် အလျှော့ပေးလိုက်တာမလား''
ဘတ်ဟျွန်းက ဘာမှမပြော ပြုံးရုံသာပြုံးနေလို့
ဂျီနာက ထပ်မေးတယ်''ချန်းယောလ်က မနိုင်မချင်း မထဘူးဆိုပြီး ဆော့နေလို့
နင် တမင် အရှုံးပေးလိုက်တာမလား''ဂျီနာက အဖြေမရမချင်း မေးနေမယ့်ပုံ
''ငါလည်း ရှုံးတာကို မကြိုက်ပေမယ့်
ယောလ်လီကိုတော့ အရှုံးပေးလိုက်ရတယ်''''မပေးလည်း ရတာပဲဟာကို''
''ငါကိုက ပေးချင်လို့ပါ''
''ဘာပေးတာလဲ''
အိမ်သာက ပြန်လာတဲ့ ချန်းယောလ်က
ဘတ်ဟျွန်းဘေးနား ဝင်ထိုင်ပြီး ပြောတယ်''ဘာမှ မဟုတ်ပါဘူး''
''တစ်ခုခုတော့ ပြောနေတာပါ ဘာတွေပြောနေတာလဲ''
ချန်းယောလ်က မေးရင်း ဘတ်ဟျွန်းကို ဖက်လိုက်သေးသည်
''ဟျွန်းနီးက မဟုတ်ဘူး ပြောနေတာကို''
ချန်းယောလ်က ကြားထဲက ဝင်ဖြေနေတဲ့ ဂျီနာကို ရန်စောင်သလို ကြည့်လိုက်သေးတယ် ပြီးမှ
''ငါ မေးပါဦးမယ် နင်က ဘာလို့ ဘတ်ဟျွန်းကို
ဟျွန်းနီးလို့ခေါ်နေတာလဲ''''ငါ့ပါငါ ခေါ်ချင်လို့ခေါ်တာ ဘာဖြစ်လဲ''
ဂျီနာက လျှာထုတ်ပြပြီး ဘတ်ဟျွန်းဘေးမှာဝင်ထိုင်သည်
တစ်ဖက်က ချန်းယောလ် တစ်ဖက်က ဂျီနာ
''မခေါ်နဲ့ ငါတောင် မခေါ်ဘူး''
''နင့်ပါနင် မခေါ်တာလေ ငါကတော့ခေါ်မှာပဲ''
''ဘတ်ဟျွန်း ဂျီနာကို အဲ့လို မခေါ်ခိုင်းနဲ့''