5(unicode)

186 25 1
                                    

ဘတ်ဟျွန်းက ချန်းယောလ်ရဲ့လက်ကို ဆွဲလိုက်ပြီး

''ငါ စဥ်းစားပေးမယ် ဟုတ်ပြီလား''

''တကယ်လား''

ချန်းယောလ်က ခုနပြောခဲ့ဆိုခဲ့တာ သူ မဟုတ်သလို
နေရာမှာ ပြန်ထိုင်တယ်

ဘတ်ဟျွန်းရဲ့ စဥ်းစားပေးမယ်ဆိုတဲ့စကားက သူပြောတာကို လက်ခံပေးနိုင်ချေ 99%ဖြစ်တာကြောင့်
ချန်းယောလ် အေးဆေး ဖြစ်သွားတယ်

''အင်း စဥ်းစားပေးမယ်
ဒါပေမဲ့ ခုနလိုမျိုးစကားတော့ထပ်မပြောနဲ့
ငါက ဘာမှမဖြစ်ပေမယ့် ဂျီနာအတွက်မကောင်းဘူး
ပြီးတော့ ငါတို့က သူငယ်ချင်းအရင်းတွေ''

''sorry ဂျီနာ ငါ ခုနက လွန်သွားတယ်
ငါ Jဝင်သွားတာနဲ့ပဲ တရားလွန်ပြောမိသွားတယ်''

Jဝင်တယ်ဆိုတဲ့စကားကြောင့် ဘတ်ဟျွန်း နဲ့ ဂျီနာ
တစ်ယောက်ကို တစ်ယောက်ကြည့်မိသွားသည်

ပတ်ချန်းယောလ်က Jဝင်တယ်ဆိုတဲ့ အဓိပ္ပာယ်ရော သိရဲ့လား?

ပြောတဲ့ ချန်းယောလ်ကတော့ ထမင်းစားရင်း

''ဒါနဲ့ ခုနကငါ မင်းကို မဲပေးခဲ့တယ် သိလား''
ငါက ဖြစ်နိုင်ရင်၂မဲတောင်ပေးချင်တာ
ဆရာမက တစ်ယောက်တစ်မဲပဲ ပေးရမယ်ဆိုလို့သာ
ထမင်းသုပ်ကလည်း စားကောင်းလိုက်တာမှ
ဒီနေ့လည်း လုပ်ကျွေးဦးနော်
မင်း နှင်းဆီပန်းခင်းနားမှာ ရပ်နေတုန်းက ငါ့ကို မမြင်ဘူးလား
ငါ မင်းကို ချောင်းကြည့်နေတာ
ငါ့ အခန်းထဲကို လာမယ်ထင်နေတာ
မင်းက ငါ့ကို မတွေ့ဘဲ ပြန်သွားတယ်
ဗြောင်ဘတ်ဟျွန်းက လူဆိုးပဲ
ငါ ဖုန်းမဆက်တော့ မင်းလည်း မဆက်ဘူး
တကယ်ဆို မင်းအရင် စပြီး ဆက်လိုက်ရင်....''

''stop ချန်းယောလ် stop''

ဂျီနာက လက်ဝါးထောင်ပြရင်း ဝင်ပြောတော့
ချန်းယောလ် ​ပြောနေရင်း ရပ်သွားတယ်။

''နင်က ဟျွန်းနီးကို မေးနေတာလား
နင့်ဘာသာ တစ်ယောက်တည်းပြောနေတာလား
ဘယ်ကတည်းက ပြောချင်တဲ့စကားတွေလည်း မသိဘူး
နားကို ပူနေတာပဲ
နင် စိတ်ကောက်နေတာပဲ ကောင်းတယ်''

''ဘတ်ဟျွန်းတောင် ဘာမှမပြောတာ
နင်က ဘာလို့ ဝင်ပြောနေတာလဲ''

hate you but ...Where stories live. Discover now