အလယ်တန်း ဒုတိယနှစ်
''ကျွန်တော်က ဗြောင်ဘတ်ဟျွန်းပါ
ဂိမ်းကစားရတာနဲ့ စာအုပ်ဖတ်ရတာကို သဘောကျတယ်
အချစ်ဆုံးသူငယ်ချင်းက ပတ်ချန်းယောလ်ပါ''ဘတ်ဟျွန်းက ပေါ့ပေါ့ပါးပါး မိတ်ဆက်ပြီးသည်နှင့် ထိုင်ခုံသို့ ပြန်လာတော့ ချန်းယောလ်က ပါးချိုင့်ခွက်အောင် ပြုံးပြနေပြီး
လက်မထောင်ကာ ဆီးကြိုနေသည်ဘတ်ဟျွန်းရဲ့မိတ်ဆက်ခြင်းက G1ကနေ အလယ်တန်းအထိ ဘာမှပြောင်းမသွား
ချန်းယောလ်နဲ့ အခန်းတူသည်ဖြစ်စေ မတူသည်ဖြစ်စေ
နှစ်တိုင်း အခုလိုပင် နှုတ်ဆက်သည်။ဘတ်ဟျွန်း ထိုင်ခုံမှာထိုင်လိုက်သည်နှင့် ချန်းယောလ်က
သူ့ လက်ဝါးကို ထောင်ပေးသည်သဘောက လက်ရိုက်ကြမယ်ပေါ့လေ...
ဘတ်ဟျွန်းလည်း ဘာမှတွေးမနေ
ချန်းယောလ်ရဲ့ လက်ကို ရိုက်ပေးလိုက်သည်။စိတ်ကောက်သွားရင် ပြန်ချော့ရတာ လွယ်သည်မဟုတ်
အလယ်တန်းရောက်တဲ့အထိ သူတို့သုံးယောက် ဘာမှ ပြောင်းလဲမသွား
ဆရာမတွေကရော သူငယ်ချင်းတွေကပါ သူတို့သုံးယောက်ကို
Trio Squadလို့ ခေါ်တယ်ချန်းယောလ်က အရပ်ပိုရှည်လာတာနဲ့အညီ
ခန္ဓာကိုယ်က ခပ်ပြည့်ပြည့်ဘတ်ဟျွန်းနဲ့ဂျီနာကလည်း အရပ်ရှည်လာပေမယ့် ဖြူဖြူသေးသေးလေးတွေ
အရင်လို ချန်းယောလ်က ဘတ်ဟျွန်းကို ချွဲတုန်း ဂျီကျတုန်း
ဂျီနာနဲ့ကျ တကျက်ကျက် စိတ်ကောက်ကြတုန်း
ဘာမှမပြောင်းလဲ
ပြောင်းလဲသွားတာက ဘတ်ဟျွန်းရဲ့မိဘတွေ
အခုနှစ် နွေရာသီမှာ ကွာရှင်းလိုက်ကြတယ်။''ခဏခဏ လာတွေ့မယ်''
''ဘာမှစိတ်မပူနဲ့''
''ကျောင်းကိုလည်း စိတ်ဖြောင့်ဖြောင့်တက်''
''ဘာမှ ပြောင်းလဲသွားတာမရှိဘူး
အရင်လို သားကို အဖေချစ်တယ်''''တစ်ခုခုဆို အဖေ့ကို ချက်ချင်းလှမ်းခေါ်နော် ''
ဆိုတဲ့စကားတွေကြားမှာ
ဘတ်ဟျွန်း သိချင်တာတစ်ခုကိုပဲ မေးလိုက်သည်