''ကလေးက ကလေးနဲ့ မတူတော့ဘူး
ဒါ မင်းရဲ့ပုံစံတွေလေ''''ငါ့မိဘတွေဆီ မသွားချင်ဘူးမလား
မသွားနဲ့ ရတယ်
ငါ မင်းတို့ထိုင်စားရအောင်ထိ ပိုက်ဆံရှာနိုင်တယ်
အဲ့ဒိ အရေးမပါတဲ့အလုပ်ကို မလုပ်လို့မရဘူးလား''''ဘာမှ ပြန်ပြောစရာမရှိတော့ဘူးလား''
''မရှိဘူး''
အဖြေက တုံးတိ
''မင်း ဘယ်လိုတွေ နေပြလို့ ကလေးက သိမ်ငယ်စိတ်ဝင်နေတာလဲ''
''ဒီမှာတင် ရပ်လိုက်တာ ကောင်းမယ်
ဒေါသထွက်နေရင် စကားအမှားတွေပါတယ်''''သြော မင်းက အရမ်းတည်ငြိမ်နေတယ်ပေါ့
ငါကတော့ မိန်းမကိုလည်း ရှာမကျွေးနိုင်
မိဘကိုလည်း မလွန်ဆန်နိုင်တဲ့ကောင်ပေါ့''''ကျွန်မ အဲ့လိုတစ်ခွန်း ပြောဖူးလား''
''မပြောပေမယ့် မင်းရဲ့အပြုအမူတွေက သက်သေပြနေတယ်လေ
မဟုတ်မှ ရုပ်ကလေး ချောသလောက် မာနကြီးတယ်ဆိုတဲ့
စကားကို မင်း ဂုဏ်ယူနေတာလား''''ပြုတဲ့သူနဲ့ ခံရတဲ့သူမှာ ခံရတဲ့သူက စွဲနေအောင် မှတ်မိတယ်''
''မင်းက ဘာခံရလို့လဲ ငါ ပိုက်ဆံရှာမပေးဘူးလား
ငါ မင်းတို့ကို ချစ်မပေးဘူးလား လိုလေသေးမရှိထားပေးတာ ဘာလိုသေးလဲ''''ဘာမှ မလိုဘူး
အသံကိုလျှော့ဦး ဘတ်ဟျွန်း ကြားတော့မယ်''ဘတ်ဟျွန်း အဖေက တောက် တစ်ချက် ခေါက်လိုက်ပေမယ့် ပြောနေတာတွေကို ရပ်ပစ်လိုက်သည်
တစ်ယောက်တစ်ပြန် အချင်းများတာထက်
တစ်ယောက်တည်း ပေါက်ကွဲနေရတာ ပိုပြီးဒေါသထွက်စရာကောင်းသည်ကားသော့ကိုယူပြီး အခန်းပြင်ထွက်တော့
ဘယ်သွားမှာလဲ ဘာလုပ်မှာလဲ တစ်ခွန်းမှ မမေး
လက်ပိုက်ပြီးသာ မျက်နှာတည်နဲ့ ရပ်ကြည့်နေသည်စိတ်ကုန်လို့ အိမ်မှာ မနေချင်တော့
မပြန်ခင် နှုတ်ဆက်ရန်
ဘတ်ဟျွန်းအခန်းထဲကိုဝင်တော့ စာဖတ်နေတဲ့ဘတ်ဟျွန်းကို တွေ့ရသည်အကုန်ကြားမှာ သေချာပေမယ့် ဘတ်ဟျွန်းက ဘာမှမသိသလိုပင်
ဒီတစ်ခါတော့ အဖေတို့ ရန်ဖြစ်နေတာ မဟုတ်ဘူးလို့ မပြောနိုင်