Part 1

599 38 8
                                    

Unicode

ထိုင်းနိုင်ငံSuansriအိမ်တော်၏ဧည့်ခန်းတွင်ထိုင်နေကြသောကောင်လေးနှစ်ယောက်။နှစ်ယောက်လုံးကတယောက်ကိုတယောက်စိုက်ကြည့်နေကြပေမယ့်သူတို့နှစ်ယောက်လုံးရဲ့မျက်ဝန်းအကြည့်တွေကတော့မတူညီကြပေသူတို့မျက်ဝန်းတွေရဲ့အဓိပ္ပါယ်ကသာမန်လူကြည့်ရင်ပုံမှန်လို့ထင်ရပေမယ့်မျက်ဝန်းအကြည့်တွေရဲ့အဓိပ္ပါယ်ကိုသူတို့ကိုယ်တိုင်ပဲသိပါလိမ့်မယ်။။တယောက်ရဲ့မျက်ဝန်းထဲမှာတော့ဒေါသမီးလျှံတွေနဲ့ပြည့်နှက်နေတဲ့အကြည့်တွေဖြစ်နေပြီးနောက်တယောက်ကတော့အရာရာကိုအရှုံးပေးပါတယ်လို့အဓိပ္ပါယ်ဖော်လို့ရတဲ့မျက်ဝန်းတွေနဲ့ကြည့်နေတယ်ဆိုတာကိုပေါ့ါ

Ja - မင်းကမင်းဦးလေးကိုတော်တော်ချစ်တာပဲနော်။ဟက်....မင်းကံကောင်းပါတယ်။ဒီလိုဦးလေးတယောက်လုံးရှိတာ။အကြွေးတွေရှိတာတောင်မင်းကိုဖူးဖူးမှုတ်ထားတဲ့လူမျိုးပေါ့။

ယခုပြောလိုက်တဲ့ကောင်လေးနာမည်ကJa Phachara။ထိုင်းနိုင်ငံရဲ့စီးပွားရေးလောကတွင်နံပါတ်၃ချိတ်သောသူဌေးတယောက်။အရပ်၆'၁"နဲ့လူတိုင်းသဘောကျသောရုပ်ရည်မျိုးကိုပိုင်ဆိုင်ထားသူပင်။စီးပွားရေးလောကမှာလဲနာမည်ကြီးတာကြောင့်သူ့ကိုလိုချင်သောသူများကတပုံတပင်ပင်။

First - မင်းထင်ချင်သလိုထင်လိုက်ပါ။ငါမင်းကိုလက်ထပ်လိုက်ပြီမို့လို့မင်းကတိတည်ဖို့တော့မျှော်လင့်ပါတယ်။ငါတို့ကုမ္ပဏီကိုကူညီပေးပါ။

Jaရဲ့အပြောကိုပြန်ဖြေလိုက်သူကတော့First Chalongrat။ဣတ္ထိယတွေထက်ပုရိသတွေပိုကြွေတဲ့ရုပ်ရည်မျိုးကိုပိုင်ဆိုင်ထားတဲ့ကောင်လေး။အရပ်၅'၉"နဲ့ရုပ်ရည်လေးကကောင်မလေးတွေအရှုံးပေးရလောက်အောင်လှပတာကြောင့်ကောင်လေးတွေဝိုင်းဝိုင်းလည်ပင်။

Jaနဲ့Firstဆိုတဲ့ကောင်လေးနှစ်ယောက်သာတူတူယှဥ်တွဲသွားရင်သေချာပေါက်လူတိုင်းအားကျရတဲ့sugar daddyနဲ့baby typeပင်။ဒါပေမယ့်သူတို့ထင်ထားသလိုမဟုတ်ဘူးဆိုတာကတော့ကာယကံရှင်တွေသာသိပါလိမ့်မည်။ဘာကြောင့်လဲဆိုတော့သူတို့နှစ်ယောက်လက်ထပ်ထားတာချစ်လို့မဟုတ်ဘဲတခြားအကြောင်းအရင်းတွေကြောင့်လေ။သို့ပေမယ့်သူတို့နှစ်ယောက်လက်ထပ်ထားတယ်ဆိုတာကိုလဲသူတို့ရဲ့မိသားစုဝင်တွေကလွဲပြီးမည်သူမျှမသိပေ။

Taste Of Love (Uni+Zaw)Where stories live. Discover now