Part 4

387 34 6
                                    

Unicode

Firstနိုးလာပြီးနာရီဝက်လောက်ကြာတော့Jaရဲ့ကားရောက်လာတယ်။Firstလဲအပြင်ထွက်ပြီးသွားကြိုတော့Chaiကတွဲထားရတဲ့Jaကိုတွေ့လိုက်ရတယ်။FirstလဲJaကိုChaiနဲ့အတူကူတွဲရင်းအခန်းထဲကိုအရင်ပို့လိုက််တယ်။ပြီးမှChaiကိုမေးလိုက်တယ်။

First - Chai...Jajaဘယ်လိုဖြစ်လာတာလဲ။

Chai - partyပွဲကနေbarသွားမယ်ဆိုပြီးငါ့ကိုအတင်းဆွဲခေါ်သွားတယ်လေ။barရောက်တော့အသေအလဲသောက်ပြီးဒီလိုအခြေအနေဖြစ်သွားတာပဲ။

First - ငါ့ကြောင့်ပဲမလား။

Firstပြောလာတဲ့စကားကြောင့်Chaiလဲသက်ပြင်းချလိုက်ရင်းပြောလာတယ်။

Chai - ဟင်း.........ဒီနေ့partyပွဲမှာမင်းရဲ့ညီနဲ့တွေ့တယ်။

ChaiကSmartနဲ့တွေ့တယ်လို့ပြောလာတာကြောင့်Firstလဲစိတ်ပူသွားတယ်။Smartကတစွက်ထိုးသမားမလား။အဖြစ်မှန်တွေကိုပြောပြလိုက်မှာသူအရမ်းစိုးရိမ်နေတာလေ။

First - သူဘာတွေပြောလိုက်သေးလဲ။

Chai - အဲဒါတော့ငါလဲမသိဘူး။သူbarရောက်တော့မင်းအပေါ်သူ့လုပ်ရပ်တွေလွန်နေတယ်လားလို့ငါ့ကိုမေးလာတယ်။

First - သူမလွန်ပါဘူး။

Chai - မင်းတို့ကြားထဲငါဝင်မပါချင်​ပေမယ့်ငါပြောပါရစေ။မင်းတို့အထက်တန်းနှစ်ကပြသနာကမင်းတို့ခုချိန်ထိဒီလိုဖြစ်လာစေတဲ့အ​ကြောင်းရင်းတွေဆိုတာမင်းတို့အသိဆုံးပဲလေ။Jaရဲ့လုပ်ရပ်တွေကမင်းအပေါ်လွန်တယ်ဆိုတာငါသိပေမယ့်Jaအနေနဲ့ကြည့်မယ်ဆိုရင်လဲသူ့လုပ်ရပ်တွေကမှန်နေတာပဲလေ။မင်းကိုကျေးဇူးပြုပြီးသည်းခံပေးပါလို့ငါပြောချင်တယ်။ငါသိပါတယ်မင်းအပေါ်ကိုမတရားမှန်းသိပေမယ့်ငါတောင်းဆိုပါရစေ။Jaကိုနောင်တတွေနဲ့ယှဥ်သန်နေရမှာစိုးလို့ပါ။မင်းသူ့ကိုအမြဲတမ်းခွင့်လွှတ်ပေးထားလိုက်ပါ။သူ့ရဲ့မသိစိတ်ထဲမှာမင်းပဲအမြဲနေရာယူထားတာ။အဲဒါကြောင့်ငါတောင်းဆိုနေတာပါ။

First - ငါအမြဲအလျှော့ပေးထားပြီးသားပါ။ငယ်ငယ်ကသူ့ငါ့အပေါ်ဂရုစိုက်ပေးခဲ့တာတွေအားလုံးကိုငါပြန်ပြီးပေးဆပ်သွားမှာပါ။အမြဲတမ်းအတွက်ပေါ့။မင်းပြောတဲ့အကြောင်းကတော့မဖြစ်နိုင်လောက်ပါဘူးကွာ။Jajaကငါ့ကိုဘယ်လိုမှချစ်လာနိုင်မှာမဟုတ်ဘူး။

Taste Of Love (Uni+Zaw)Where stories live. Discover now