Part - 14

227 16 5
                                    

Unicode

အရှေ့ရပ်၀န်းကထွက်ပေါ်လာတဲ့နေမင်းကြီးနဲ့အတူကြည်လင်နေတဲ့ကောင်းကင်ကြီးကပင်လယ်ပြာပြာနဲ့လိုက်ဖက်နေတဲ့နေ့တနေ့...

Hotelခန်းထဲကကောင်လေးနှစ်ယောက်ကတော့....

Jaရဲ့ရင်ခွင်ထဲကိုရောက်နေတဲ့Firstတယောက်ကန့်လန်ကာကိုဖောက်ပြီး၀င်လာတဲ့နေရောင်ခြည်ကြောင့်လွန့်လူးလာတယ်။ပြီးတော့မှတစုံတယောက်ရဲ့ရင်ခွင်ထဲကိုရောက်နေကြောင်းကိုသတိထားမိသွားပြီးပြုံးမိသွားတယ်။Firstတယောက်Jaရဲ့ရင်ခွင်ထဲကနေပဲJaကိုမော့ကြည့်မိတယ်။သူဒီလိုမျိုးနွေးထွေးတဲ့ရပ်၀န်းကိုမခိုလှုံခဲ့ရတာကြာပြီလေ။

First - အရင်လိုပဲနောJajaက...အခုချိန်ထိချောနေတုန်းပဲ။Jajaရဲ့ရင်ခွင်ထဲကနေနိုးထခွင့်ရတဲ့မနက်ခင်းတွေငါ့ဘ၀မှာထပ်ပြီးမရှိတော့ဘူးလို့ငါထင်ထားခဲ့တာ။အခုလိုမျိုးJajaရဲ့ရင်ခွင်ထဲမှာနေရတော့ငါ့အတွက်အိမ်မက်မက်နေသလိုပဲ။

Firstတယောက်Jaရဲ့ရင်ခွင်ထဲမှာပဲနေရင်းပြောနေမိတယ်။

Ja - ဘာတွေတယောက်တည်းရေရွတ်နေတာလဲ။

First - ဟင် Jajaနိုးနေတာလား။

Ja - မင်းကငြိမ်ငြိမ်မှမနေတာအဲတော့ငါကနိုးလာတာပေါ့။

First - တောင်းပန်ပါတယ်...Firstကြောင့်Jajaအိပ်ရေးပျက်ရပြန်ပြီ။

Ja -မင်းပြောပြန်ပြီ...မင်းတဘ၀လုံးတောင်းပန်မဲ့စကားပဲသင်လာခဲ့ရတာလား။ဘာလို့ဝောာင်းပန်ပါတယ်ဆိုတဲ့စကားကိုပဲထပ်ခါတလဲလဲပြောနေဝာာလဲ။

First - မပြောတတ်ဘူးလေ။ထင်တာမလွဲရင်တော့ဦးလေးကြောင့်ပဲနေမှာပေါ့။ဒါမဲ့Jajaကိုတော့ငါတောင်းပန်သင့်တာအမှန်ပဲလေ။အခုချိန်ထိJajaကိုအားနာစရာတွေပဲလုပ်ခဲ့မိတာလေ။

Ja - ငါမင်းအပေါ်ကိုနှိပ်စက်ခဲ့တာတွေအတွက်ကရောမင်းမငြိုငြင်ဘူးလား။

First - ငါပြောရင်Jajaယုံမှာလားဟင်။Jajaအပေါ်ကိုဘယ်တုန်းကမှစိတ်မဆိုးခဲ့ဖူးဘူးလို့ပြောရင်လေ။

Ja - ဘာလို့လဲ။

First - အကြောင်းပြချက်ကမည်မည်ရရမရှိပါဘူး..ဒီတိုင်းပဲငါ့ခံစားချက်တွေကြောင့်နေမှာပေါ့။

Taste Of Love (Uni+Zaw)Where stories live. Discover now