Part 2

415 30 13
                                    

Unicode

Jaလဲအိမ်မှာမနက်စာစားပြီးcompanyကိုထွက်လာခဲ့တယ်။မနက်ပိုင်းအစည်းအဝေးပွဲပြီးတော့မှအခန်းထဲကိုပြန်လာခဲ့တယ်။ထိုင်ခုံပေါ်မှာထိုင်ရင်းလည်ပင်းမှာစည်းထားတဲ့necktileကိုဖြေလျော့လိုက်မိတယ်။သူအရမ်းစိတ်တွေရှုပ်နေတယ်လေ။တနည်းပြောရရင်Firstကြောင့်သူအရမ်းစိတ်တွေရှုပ်နေမိတာပင်။

Chai - Ai'ja...ဘယ်လိုလဲ။ငါ့သူငယ်ချင်းတော်တော်စိတ်တွေရှုပ်နေတဲ့ပုံပဲ။

Ja - Chai...မင်းဘာကိစ္စရှိလို့ရောက်လာတာလဲ။

Chai - ဒီလိုပဲပေါ့ဟာ။ဒီနားမှာအလုပ်ကိစ္စရှိလို့ထွက်လာရင်းငါ့သူငယ်ချင်းအခြေအနေလာကြည့်တာ။

Ja - ငါကဘာဖြစ်နေလို့လဲ။

Chai - ညကမင်္ဂလာဦးညမလား။

Ja - ငါသူ့ကိုချစ်လို့လက်ထပ်ထားတာမှမဟုတ်တာ။

Chai - မင်းစိတ်တွေလျှော့လိုက်သင့်ပြီနော်Ja။မင်းသူ့ကိုမချစ်ဘဲနဲ့လက်ထပ်မယူဘူးဆိုတာငါသိတယ်။

Ja - ဟင့်အင်....ငါမချစ်ဘူး။

Chai - Ja~မင်းငါ့ကိုလိမ်လို့ရပေမယ့်မင်းကိုယ်မင်းတော့လိမ်လို့မရပါဘူးကွာ။

Ja - မင်းဘာစားပြီးပြီလဲ။

Jaအဲအကြောင်းကိုမပြောချင်တာကြောင့်စကားလမ်းကြောင်းလွှဲလိုက်တယ်။ChaiကလဲJaမဖြေချင်မှန်းသိတာကြောင့်အလိုက်သိစွာနဲ့ဆက်မမေးလာပေ။

Chai - စားပြိီးပြီ။ဒါမဲ့အချိုပွဲသွားစားရအောင်။

Ja - ဘယ်ကိုလဲ။

Chai - Milk & Breadကို။

Ja - တခြားနေရာသွားရင်သွားကွာ။အဲကိုတော့ငါမသွားချင်ဘူး။

Chai - လုပ်ပါကွာ။Ai'sengကိုအိမ်ကပြန်လာဖို့ပြောခိုင်းလို့။ငါတယောက်ထဲမသွားချင်လို့။

Ja - ဒါပေမယ့်.....

Chai - Sengတို့ဘာမှမသိဘူး။မင်းကိုငါ့သူငယ်ချင်းအနေနဲ့ပဲသိထားတာ။Firstကမင်းစကားနားထောင်တယ်။သွားရအောင်ပါကွာ။အိမ်ကအမေအတွက်လဲcakeဝယ်ချင်လို့။နောက်ပြီးဆိုင်ကိုလဲတခါမှမရောက်ဖူးသေးလို့။

Taste Of Love (Uni+Zaw)Where stories live. Discover now