Part 8

294 25 3
                                    

Unicode

Flashback start>>>

Jaတယောက်ဒီနေ့Elbaနဲ့dateဖို့ချိန်းထားတယ်။ဒီနေ့ကသူတို့ချစ်သူဖြစ်တာ၃နှစ်ပြည့်တဲ့နေ့လဲဖြစ်တယ်။အထက်တန်းပထမနှစ်ကတည်းကတွဲလာခဲ့တာဒီနေ့ဆိုရင်သုံးနှစ်ပင်ပြည့်သွားပြီ။Jaအတွေးနဲ့တင်ပျော်ရွှင်နေတုန်းမြည်လာတဲ့ဖုန်းသံကြောင့်ကြည့်လိုက်တော့contact nameလေးကLovelyတဲ့။Jaလဲပြုံးလိုက်ပြီးဖုန်းကိုင်လိုက်တယ်။

Ja - Hello...ချစ်မလာသေးဘူးလား။

Elba - Ja.....Lightဆိုင်ကိုလာပေးနိုင်မလား။

Elbaရဲ့အသံမကောင်းတာမို့Jaစိတ်ပူသွားတယ်။

Ja - ချစ်အဆင်​ပြေရဲ့လား။

Elba - အင်း...အဆင်ပြေပါတယ်။Lightဆိုင်ကိုလာခဲ့ပေးပါနော်Ja။

Ja - ok....ကိုယ်ခုချက်ချင်းလာခဲ့မယ်။အဲဆိုင်မှာပဲစောင့်နေနော်။

Jaလဲပြောပြီးတာနဲ့Lightဆိုင်ကိုTaxiငှားပြီးတန်းထွက်လာခဲ့တယ်။ဆိုင်ထဲကိုရောက်တော့သူမြင်လိုက်ရတာကElbaနဲ့အတူFirstကိုပါမြင်လိုက်ရတယ်။

Ja - Firstမင်းဘယ်လိုလုပ်ရောက်နေတာလဲ။

First - Jaja....ငါတို့မင်းကိုပြောစရာရှိတယ်။

Ja - ဘာပြောမလို့လဲ။

Ja FirstရောElbaရောကိုအကဲခတ်နေမိတယ်။သူတို့နှစ်ယောက်လုံးကမျက်နှာပျက်နေပြီးတခုခုအမှားလုပ်ထားတဲ့ပုံတွေပင်။Jaအဲအချိန်မှာJaဆုတောင်းမိတာတခုတည်းပင်။သူထင်ထားသလိုမဖြစ်ပါစေနဲ့ဟုပင်။

Elba - ငါနဲ့Firstနဲ့တွဲနေပြီJa။

Ja - ဘာ!!!!

နောက်ဆုံးတော့Jaထင်တဲ့ကိစ္စကဖြစ်လာခဲ့ပြီ။

Elba - ငါတောင်းပန်ပါတယ်Ja။

Ja - First....Elbaပြောတာတကယ်လား။

First - ငါတို့တောင်းပန်ပါတယ်Jaja။

Ja - ဘယ်အချိန်ကတည်းကလဲ။

Elba - ဒီနှစ်အစကတည်းကပါ။ငါနင့်ကိုတကယ်တောင်းပန်ပါတယ်။

Ja - တောင်းပန်တယ်လို့ပြောလိုက်ရုံနဲ့အပြစ်တွေအားလုံးကကြေသွားမှာလား။

Elba - ငါနင့်ကိုတကယ်ချစ်ခဲ့ပါတယ်။ဒါပေမယ့်Firstကိုကငါငယ်ငယ်လေးကတည်းကချစ်ခဲ့ရတာ။

Taste Of Love (Uni+Zaw)Where stories live. Discover now