Part 12

380 24 23
                                    

Unicode

Firstတယောက်ဆိုင်ထဲမှာနေ့ခင်းဘက်လူရှင်းတဲ့အချိန်ဆိုင်ရှေ့မှာထိုင်ရင်းငေးနေမိတယ်။အတွေးတွေလဲများရင်းပေါ့။

Khao - First....မင်းနေကောင်းရဲ့လား။

First - ဟမ်....ဘာဖြစ်လို့လဲ။

Khao - အရင်ကလိုမဟုတ်ဘဲထိုင်ပြီးငိုင်နေလို့လေ။

First - ဒီလိုပါပဲဟာ.....တခါတလေလေးfeelကြည့်တာပေါ့။

Khao - မယ်....feelတယ်ဆိုပြီးပြောနေတယ်ဆိုတော့အချစ်တွေ့နေပြီပေါ့။

First - မင်းကလဲကွာ....feelတိုင်းသာချစ်သူတွေ့ရမယ်ဆိုရင်တော့....မင်းရဲ့ချစ်လှစွာသောသူငယ်ချင်းကြီးKhun Bankဟာရီးစားဘယ်နှယောက်တောင်ရတော့မယ်မသိဘူး။

Khao - သူကနှစ်တထောင်faလေ။သူ့ကိုသွားမပြောနဲ့။

First - မင်းပြောတာလဲဟုတ်သားပဲ။သူဒီတသက်ရီးစားရဖို့မမြင်ဘူး။

Khao - သေချာတာပေါ့။

Firstနဲ့Khao Bankအကြောင်းကိုပြောရင်းရယ်နေကြတုန်းသူတို့အနားကိုBankရောက်လာတယ်။

Bank - 'ဟပ်ချိုး'...မင်းတို့နှစ်ကောင်ငါ့အတင်းတွေတုပ်နေတယ်လား။နှာတွေတောက်လျှောက်ချေနေတာ။

Khao - အယ်....သူသိသွားပြီ😂😂။

Bank - ပြောစမ်းပါအုံး။ဘာတွေများငါ့အကြောင်းကိုအတင်းတွေတုပ်နေရတာလဲဆိုတာ။

Seng - မင်းနှစ်တထောင်faဖြစ်နေတဲ့အကြောင်းနေမှာပေါ့ကွာ။ဟုတ်တယ်မလားKhao။

Bankရဲ့အမေးကိုနောက်မှဝင်လာတဲ့Sengကမေးသလိုနဲ့ဖြေလိုက်တယ်။

First - Seng...မင်းဗေဒင်ဟောစားပါလားအောင်မြင်လောက်တယ်။အဲလောက်တောင်သိနေတာ။

Bank - အေးပေါ့...မင်းတို့တွေမှာကအတွဲတွေရှိကြတယ်ဆိုတော့ပြောထားကြပေါ့။ငါရီးစားရတဲ့တနေ့ကြမှမင်းတို့ထက်ပိုroပြမယ်။

First - အယ်....အဲလိုပတ်မရမ်းကောင်းဘူးနော်။ငါလေးကအခုမှsingleနုနုထွက်ထွက်လေးမသေး။

Seng - ဒါပေမယ့်မကြာတော့ပါဘူး။ငါအရိပ်အယောင်တွေကြိုမြင်နေတယ်။

First - Ai'seng..မင်းစကားကဘာလဲ။ငါကဘယ်သူနဲ့ဖြစ်ရမှာလေ။

Seng - ငါ့အမွှာအကိုရဲ့သူငယ်ချင်းJaလေ။

Taste Of Love (Uni+Zaw)Where stories live. Discover now