Part 3

371 31 7
                                    

Uniode

Firstဆိုင်ကနေအိမ်ပြန်ရောက်တော့အဝတ်လဲပြီးJaရဲ့အဝတ်တွေကိုလျှော်နေလိုက်တယ်။စက်နဲ့လျှော်လို့ရပေမယ့်ကိုယ်တိုင်လျှော်ပေးချင်တာကြောင့်လက်နဲ့ပဲလျှော်လိုက်တယ်။အဝတ်တွေလျှော်ပြီးတော့အခြောက်ခံကာမီးပူထိုးနေလိုက်တယ်။အန်တီMayကသူကူလုပ်ပေးမယ်လို့ပြောပေမယ့်Jaရဲ့ဝေယာဝစ္စမှန်သမျှကိုသူလုပ်ပေးချင်တာကြောင့်ငြင်းလိုက်တယ်။အန်တီMayကတော့သူ့ကိုမနိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ကြည့်ပြီးထွက်သွားတယ်။Firstမီးပူထိုးနေတုန်းမှာပဲJaပြန်ရောက်လာတယ်။

Aunty May - သားJaပြန်လာပြီလား။

Ja - krub အန်တီMay။ဒါနဲ့ဟိုတယောက်ဘယ်သွားနေတာလဲ။ကျွန်တော့ကိုတောင်လာမကြိုနိုင်ရအောင်ဆိုင်ကပြန်မရောက်သေးဘူးလား။

Aunty May - သားရယ်Firstလေးကိုအပြစ်ပဲပြောမနေပါနဲ့။Firstလေးကအပေါ်မှာသားရဲ့အဝတ်တွေကိုလျှော်ပြီးမီးပူတွေတိုက်နေတယ်။သူကသားပြန်လာရင်သူထွက်ကြိုမယ်လို့ပြောပါတယ်။အန်တီMayကသူ့အလုပ်ကိုပဲဆက်လုပ်ခိုင်းထားလို့ထွက်မလာတာပါ။

Ja - အန်တီMayသွားနားတော့လေ။ကျွန်တော်Firstနဲ့ပြောစရာရှိသေးလို့။

Aunty May - သား...Firstကလေးကိုမဆူပါနဲ့နော်။သူ့မှာအလုပ်ကလဲပင်ပန်းလာတာ။နောက်ပြီးအိမ်ပြန်ရောက်ရောက်ခြင်းပဲသားအဝတ်တွေကိုလျှော်ပြီးမီးပူထိုးနေတာ။အဝတ်ကိုလဲစက်နဲ့လျှော်ပါလို့ပြောတာကိုနားမထောင်ဘူးလက်နဲ့ပဲလျှော်တယ်။သားအဝတ်တွေမို့လို့တဲ့။သားFirstကလေးကိုအလုပ်တွေအရမ်းမခိုင်းပါနဲ့သားရယ်။

Ja - ဟုတ်ကဲ့ပါ။အန်တီMayသွားနားတော့လေ။ကျွန်တော်dinnerပွဲတခုသွားစရာရှိတယ်။အပြန်နောက်ကျရင်နောက်ကျလိမ့်မယ်။အန်တီMayအိပ်နှင့်ပါ။ကျွန်တော်Firstကိုစောင့်ခိုင်းထားလိုက်မယ်။

Aunty May - အေးပါကွယ်။

Jaလဲအန်တီMayကိုပြောပြီးအပေါ်ကိုတက်လာခဲ့တယ်။အခန်းထဲရောက်တော့Firstမီးပူထိုးနေတာကိုတွေ့လိုက်ရတယ်။

Ja - ငါပြန်လာတာတောင်ထွက်မကြိုနိုင်ရအောင်ဘာတွေများအလုပ်တွေရှုပ်နေတာလဲ။

Taste Of Love (Uni+Zaw)Where stories live. Discover now