part 11

19.4K 1.3K 80
                                    

ပြတင်းတံခါးမှန်မှတဆင့် ထိုးဖောက်လာသော နေရောင်ဖျဖျလေးကြောင့် မို့အစ်နေသော မျက်ခွံဖောင်းဖောင်းလေးက လှုပ်ရှားစပြုလာခဲ့သည်... ။ အိပ်ရာထချိန်တိုင်း အပျင်းကြော မဆွဲ တတ်သူမို့ ထွေထွေထူးထူးတော့ လှုပ်ရှားမှုတို့ မရှိလှ ။ မျက်စိစူးလှသော နေရောင်ကြောင့် လက်တံရှည်တို့ကို စောင်အောက်မှဆွဲထုတ်ကာ မျက်လုံးကို ကာလိုက်သည် ။ သူ့ အသက် ၃၀ ကျော်သည်
အထိ ထိုမျှလောက် နေထွက်သွားတဲ့အချိန်ထိ မအိပ်စက်ခဲ့ဖူးပေ ။ လူမှန်းသိတတ်စအရွယ်ကတည်းက သေနတ်သံတွေကြား ယဉ်ပါးလာခဲ့သူမို့်  အအိပ်စက်လွန်းလှသည် ။ သူသည် ဘယ်သောအခါမှ သတိလက်လွတ် မအိပ်စက်တတ်ပါချေ ။

ခြုံထားသည့်စောင်ကို ဆွဲဖယ်ကာ ရေချိုးခန်းသို့အရင်ဝင်ရန် ကုန်းထသော်လည်း နေမကောင်းဖြစ်ကာစ အားနည်းနေသော ခန္ဓာကိုယ်က စိတ်အလိုသို့မလိုက် ။ သို့်သော် အထိမခံနုရွ နေခြင်းက သူနှင့် မလိုက်ဖက်သည့်အ၀တ်တစ်စုံရယ်လို့တောင် ဖြစ်နေလေရာ စိတ်နှင့်ဆန့်ကျင်ဖက် ဖြစ်နေသော ခန္ဓာကိုယ်ကို ခေါင်းမာစွာပင် ရေချိုးခန်းသို့ ဆွဲခေါ်ထည့်ပစ်လိုက်၏ ။

" ထည်ဝါ!  ... ရေချိုးမလို့လား ၊ နေလည်းမကောင်းသေးဘဲနဲ့.... "

ရေချိုးခန်း တံခါးဝမှ ထွက်ပေါ်လာသော အသံပိုင်ရှင်တွင် စိတ်ပူနေသော မျက်နှာရိပ်ဖြင့် မအေးချမ်းသော ခံစားမှူတချို့ကိုပါ ထည်ဝါလင်းရှိန် ခံစားမိသည် ။

" ဘာဖြစ်လို့လဲ ပုံရေး! "

" မင်း ပြန်ဖျားနေမှာစိုးလို့... "

" မင်းဆီမှာ ငါ့အတွက် မကောင်းတဲ့သတင်း ရှိလာတယ်မလား... ဘာလဲ မြန်မြန်ပြော!  ..."

အပေါ်ပိုင်း အ၀တ်ဗလာဖြင့် ပုံရေး အနားသို့ တိုးကပ်သွားသည့်အခါ ပုံရေးက ပါးစပ်လေးဟကာဖြင့် သူ၏ ခန္ဓာကိုယ်အပေါ်ပိုင်းသို့ စုန်ချီဆန်ချီ ကြည့်လာခဲ့သည် ။ ပုံရေး က တစ်ခုခုဆို အထူးအဆန်းတွေ သိပ်လုပ်တတ်တယ် ။ သူ သိချင်သည်ကို ပုံရေး က အချိန်ဆွဲနေသည်ဟုတောင်
သူ ထင်မိလာသည် ။

" ငါ သိချင်နေပြီ ပုံရေး!  ခက်ထန်နဲ့ ပတ်သက်နေလား ?"

" မင်း သိချင်တာ မပြောခင် ငါ သိချင်တာ မင်း အရင်ဖြေစမ်းပါ "

You are my husband (Season 1)Completed  Where stories live. Discover now