" နာနာ... ဘယ်တွေ လျှောက်သွားနေတာလဲ ? ကျွန်တော် နိုးလာတော့ နာနာ မရှိတော့ ဘယ်လောက်စိတ်ပူသွားလဲ သိလား? "
အယောင်နည်းနည်းကျသွားသော
မျက်နှာကြမ်းကြီးသည် မှိုင်း ရှေ့ ထိုးပြလို့ မျက်လုံးကြည်လေးများကို စိုက်ကြည့်ကာ မှိုင်း ပခုံးပေါ်သို့ သူ့ မျက်နှာကို အပ်ထားကာ သက်ပြင်းရှည်ကြီး ချလိုက်၏ ။" ရှူးသွားပေါက်တာ! ဘာ စိတ်မချစရာ ရှိလို့လဲ? "
" မပေါက်နဲ့... စိတ်မချဘူး "
" မင်းလေးက ကိုယ့်အရည်တွေ သောက်ပေးမလို့လား... "
" ခင်ဗျား! ညစ်ပတ်တဲ့ကောင်! "
မှိုင်း သူ့ရှေ့က လူညစ်ပတ်ကြီးကို တွန်းချပစ်လိုက်သည် ။ သူ့ဘေးက ပက်လက်လှန်ကာ လှဲချလိုက်သော လူကြမ်းကြီး၏
ရင်ဘတ်ပေါ်သို့ တက်ခွကာ မုတ်ဆိတ်မွှေးကြီးပေါ်တွင် ရေစွတ်ပေးလျက် ဆပ်ပြာမြှုပ်များကို တင်ပေးလိုက်သည် ။" ဟေး.... ဘာလုပ်တာလဲ? "
" မုတ်ဆိတ်ရိတ်ပေးမလို့... ငြိမ်ငြိမ်နေ... နာနာ့  ပုံက သူခိုးကြမ်းပိုးပုံနဲ့ တူနေပြီ "
မုတ်ဆိတ်ရိတ်စက်လေးကို နှုတ်ခမ်းလေးတ၀ိုက်ကို
တွန်းတိုက်ပေးလို့ မုတ်ဆိတ်ကြမ်းကြီးများကို ပြောင်ရှင်းစေလိုက်သည် ။ရေစွတ်ထားသော ပုဝါသားနုနုလေးကို
နှုတ်ခမ်းတ၀ိုက်ဆီသို့ သုတ်ပေးပြီးတဲ့အခါ
ထွက်ပေါ်လာတဲ့ နှုတ်ခမ်းညိုပါးလှပ်လှပ်လေး... ။ဘေးဘက်ဆီမှ ပသိုင်းမွှေးများကိုပါ ရိတ်ပေးတဲ့အခါမှာလည်း မျက်စိမှိတ်လို့ ငြိမ်သက်နေသော ထိုလူကြမ်းကြီး... ။
ကားထွက်နေသော ပါးရိုး ၊ ပါးလှပ်လှပ်နှုတ်ခမ်းသားညိုညိုလေး... ၊ နဖူးပေါ်၌ ရှုပ်နေသော ဆံနွယ်လေးများကို သပ်တင်လိုက်သောအခါ ယောက်ျားပီသသော နဖူးပြင်ပြေပြေလေးနှင့် ထိုလူ .... ။
မှိတ်ကျနေသော မျက်လုံးပေါ်တွင် ကာရံထားသော မျက်တောင်တို့်သည် တိုစိတ်စိတ်ကလေးများဖြစ်ကာ မဲနက်လို့နေ၏ ။
နှာတံဖြောင့်ဖြောင့်ပေါ်တွင် မထင်မရှား မှဲ့နက်ကလေးကို လက်ညှိုးလေးဖြင့် ထိတော့
ဖွင့်ဟလာသော မျက်လုံးတို့မှာ အရောင်တဖျတ်ဖျတ်လက်လို့နေ၏ ။
YOU ARE READING
You are my husband (Season 1)Completed
Actionသူ့နာမည်က ' တော်ဝင်မင်းခက်ထန် ' တဲ့... ကျွန်တော့်ရဲ့ ခက်ထန် ၊ ကျွန်တော့်ကို မုန်းတဲ့ခက်ထန် ၊ ကျွန်တော့်ကို မြေကြီးပေါ်က သဲမှုန့်လေးလို စုပ်ချေ ဖျက်စီးပစ်ချင်နေပါသော ကျွန်တော်ချစ်ရပါသော ခက်ထန်... ။