" ခက်ထန် ဆိုတဲ့ ငနာကို အကုန်လွှဲပေးမလို့များ အဲ့ကောင် တွေးနေတာလား... ငါ သူ့ကို တကယ်ကို နားမလည်နိုင်တော့တာ ပုံရေး... မင်းရော ဘယ်လိုထင်လဲ ၊ ငါ့အထင်တော့ ထည်ဝါလင်းရှိန် ကျပ်မပြည့်လောက်ဘူး "
ရိုင်နာ တစ်ယောက် ဂိုထောင်ဆီသို့ သွားရာ လမ်းတစ်လျှောက်၌ ပုံရေး ကို နားပူအောင် အဆက်မပြတ်စွာ ပြောလေသည် ။
အနီးတွင် လူသူ ကင်းမဲ့၍သာ တော်ရာကျတော့၏ ။.
အတွင်းသတင်းကို အာခေါင်ခြစ်အော်နေသလို ပြောနေသော ရိုင်နာ ကြောင့် ပုံရေး စိတ်တိုလာတော့သည် ။လျှောက်နေသော ခြေလှမ်းကို ရပ်တန့်ကာ
ရိုင်နာ့ လက်ကို ဆွဲဆောင့်ပစ်လိုက်လျက်
မျက်နှာချင်းဆိုင် ရပ်စေလိုက်သည် ။" မင်း အသံ လျှော့လို့  ရမလား ရိုင်နာ... မင်း အသံဆိုးကြီးနဲ့ အထဲက ဌက်ကလေးတွေ လန့်သွားတော့မှာပဲ "
" ဌက်ဆိုလို့...ငါ တို့ ခုလို လုပ်တာ ထည်ဝါ မသိစေနဲ့ဦးနော် ၊ အဲ့ကောင်က လုပ်စားတော့ မူးယစ်ရာဇာ... စိတ်က ဘုရားဖြစ်မဲ့ အုတ်နီခဲ ဖြစ်ချင်နေတာ! လူကုန်ကူးတာသာ သိရင် ငါတို့ နှစ်ယောက်လုံး နေစရာ ရှိမှာ မဟုတ်ဘူး "
" ဘာကို ငါတို့ နှစ်ယောက်လဲ? ... မင်း တစ်ယောက်တည်း လုပ်နေတာ! ငါက မတတ်သာလို့ မင်း ခိုင်းသမျှ လုပ်နေရတာ ခွေးမသားရဲ့ "
" ငါပြောတာလည်း ဘယ်နေရာမှားသွားလို့လဲ ၊
ငါခိုင်းလို့် မင်း လုပ်ရတာလည်း လုပ်တာက လုပ်တာပဲလေ... ပြီးရင် ပြည့်တန်ဆာရုံက အမြတ်တွေ မင်းလည်း ကျုံးတာပဲဟာ! "" ရိုင်နာ!!! "
ပုံရေး အသံ စူးစူးလေးကြောင့် ရိုင်နာ သူ့နားနှစ်ဖက်ကို လက်နှစ်ဖက်ဖြင့် ပိတ်ကာ
ကြည့်မကောင်းသော မျက်နှာကို ထပ်မံ တွန့်ရှုံ့ပြလေ၏ ။ သုံးယောက်ထဲတွင် ကြည့်ရအဆိုးဆုံးမှာ ရိုင်နာ ဖြစ်ကာ ထည်ဝါလင်းရှိန် မသိအောင် တစ်ခုပြီးတစ်ခု ပြသနာရှာသည်မှာလည်း ရိုင်နာ သာလျှင် ဖြစ်၏ ။ ရိုင်နာ လုပ်သမျှ ကိစ္စတိုင်းအား နောက်မှ ဖုံးဖိပေးကာ အကျိုးအမြတ် တ၀က် ပြန်ယူသည်မှာတော့ အဖြူစင်ဆုံးလေး ပုံရေး တစ်ယောက်ရယ်သာ... ။
YOU ARE READING
You are my husband (Season 1)Completed
Actionသူ့နာမည်က ' တော်ဝင်မင်းခက်ထန် ' တဲ့... ကျွန်တော့်ရဲ့ ခက်ထန် ၊ ကျွန်တော့်ကို မုန်းတဲ့ခက်ထန် ၊ ကျွန်တော့်ကို မြေကြီးပေါ်က သဲမှုန့်လေးလို စုပ်ချေ ဖျက်စီးပစ်ချင်နေပါသော ကျွန်တော်ချစ်ရပါသော ခက်ထန်... ။