part 32

19.2K 1.2K 151
                                    

လုပ်ဆောင်ရမည့် ကိစ္စများပြီးသည်မို့ ခက်ထန် ပြန်လာသောအချိန်သည် မနက် တစ်နာရီပင် ဖြစ်၏... ။ ညမှ အသက်ဝင်တတ်သော မြို့ကြီးပေမို့
လူသွားလူလာများဖြင့် စည်ကားလျက်ရှိသည် ။ သူ ဟိုတယ်ရှေ့ ပြန်ရောက်သောအခါ  ဧည့်ကြိုကောင်တာ အနီးတွင် ရစ်ဝဲရစ်ဝဲ လုပ်နေသော သူ့ ကြွက်ဖြူကြီးသည် ဟို လျှောက်လိုက် ဒီလျှောက်လိုက် ဟိုတယ်အပေါက်ဝကို လည်တိုင်ရှည်ရှည်ဖြင့် မျှော်ကြည့်လိုက်ဖြင့် အလုပ်ရှုပ်နေသည် ။ ဖြူစုပ်စုပ် နှုတ်ခမ်းလေးသည် ထိုအခ်ျိန်မှ အနည်းငယ် ဆူထော်နေသည့်ပုံပေါ်သည်.... ။

ကားကို ကားပါကင်တွင် သွားမထားမီ ထည်ဝါလင်းရှိန်ဆီသို့ အပြေးသွားလိုက်သည်။
လူအများစုသည် ဟိုတယ် အတွင်းပိုင်း၌သာ အနည်းငယ် ရှုပ်နေလျက်ရှိ၏ ။ သူ့ ကြွက်ဖြူကြီးကတော့ သူ့ကို မြင်ပုံမပေါ်ပေ ။ သူ ကားပေါ်မှ ဆင်းသွားကာ ထည်ဝါလင်းရှိန် ရှိရာဆီသို့ ဦးတည်သွားလိုက်သည် ။ သူ့ ခြေလှမ်းတို့သည် သွက်လက်စွာ ဖြင့် ဟိုတယ် တံခါးဝရောက်သွားချိန်မှ
ကားထဲတွင် ကျန်ခဲ့သော ပိုက်ဆံအိတ်ကို သတိရသွား၏ ။ မနက်မှ ပေးလည်း ရပေမဲ့လို့ ထည်ဝါလင်းရှိန် မျှော်နေသည်က ဒီပိုက်ဆံအိတ်သာ ဖြစ်လိမ့်မည်ဟု တွေးကာ ကားဆီသို့ လှည့်ပြန်ခဲ့လေ၏... ။

သူ ခြေလှမ်း သိပ်မလှမ်းခင်၌ပင် နားကွဲမတတ် ပေါက်ကွဲမှုကြီးနှင့်အတူ ဟုန်းဟုန်တောက်လာသော မီးရဲရဲများက သူ့ မျက်စိရှေ့ တင်ဖြစ်ကာ ဖြစ်ပေါ်ရာနေရာက သူ့ကားပင်ဖြစ်၏ ။ အနီးအနားတွင် သူ မရှိလိုက်၍သာ အထိအခိုက် မရှိခဲ့ပုံပေါ်သည် ။ ပြေးလွှားနေသော ခြေသံများကိုလည်း ဂရုမစိုက်နိုင်ပါ ။ ဒီအတိုင်းဆို ပိုက်ဆံအိတ် ပါ မီးထဲပါသွားနိုင်သည် ။

ထည်ဝါလင်းရှိန် အတွက် အရေးကြီးတဲ့ ပစ္စည်း.... ။

သူတို့အမှတ်တရတွေ ရှိနေတဲ့ ဓာတ်ပုံလေး.... ။

ဒီလူကို သူ မုန်းပေမဲ့ ဒီလူနဲ့ ကောင်းမွန်တဲ့ အမှတ်တရတွေကိုတော့ မဆုံးရှုံးချင်ခဲ့ဘူး... ။

ဒီလူကို ပျောက်ကွယ်သွားစေချင်ပေမဲ့ ဒီလူ လိုချင်တဲ့အရာကို မရ, ရအောင် စွမ်းဆောင်ပေးချင်နေခဲ့ပြန်တယ်.... ။

You are my husband (Season 1)Completed  Where stories live. Discover now