မျက်စိရှေ့က လဲကျသွားသော သူကို မျက်နှာလွှဲပစ်လိုက်ချင်သော်လည်း အလိုက်မသိသော လက်က ထွေးပွေ့ထားပြီးသား ဖြစ်သွားခဲ့သည် ။
ထည်ဝါလင်းရှိန် လို လူမျိုးက အလောင်းမြင်တာနဲ့ သတိမေ့လဲကျသွားသတဲ့လား.... ။ သူ့လို အသက်ငယ်ငယ်နဲ့ သေနတ်ကိုင်လာတဲ့ လူကလေ..... ။ သူ့လို သွေးနံ့တွေ နဲ့ အကျွမ်းတ၀င်ရှိနေပြီးသား လူကလေ... ။ သူ့လို ပုံစံမျိုးစုံ အလောင်းကောင်တွေနဲ့ ရင်းနှီးနေပြီးသား လူကလေ... ။
ခက်ထန် အော်ဟစ်ကာ ရယ်မောလိုက်သည် ။ သူ၏ စိတ္တဇဆန်ဆန် ရယ်မောသံသည် အလုံပိတ်ထားသော အိမ်ထဲ အသံလှိုင်းတို့ ပဲ့တင်ထပ်သွားတော့၏ ။
မေ့မျောနေသော သူကို သူ စိုက်ကြည့်နေသည် ။ မေ့သွားရသည့် အကြောင်းတရားက တစ်ခုတည်းရယ်... သူ ချစ်ရတဲ့ လူ ရဲ့ ပုပ်သိုးနေတဲ့အသားစတွေနဲ့ ခန္ဓာကိုယ်က တစက်စက်စီးကျနေတဲ့ အသားပုပ်ရည်တွေကို မြင်လိုက်ရလို့....။
ကိုယ် ချစ်ရတဲ့လူကို ဒီလို ရုပ်ပျက်ဆင်းပျက် အခြေအနေမျိုးနဲ့ တွေ့ရင် ဘယ်လိုလူက လူကောင်းသဖွယ် ရပ်တည်နိုင်မှာတဲ့လဲ... ။
သူက အဲ့လောက်တောင် ဒီလူ ကို စွဲလမ်းခဲ့တယ်ပေါ့.... ။ ဒီလူရဲ့ သေဆုံးခြင်းက ထည်ဝါလင်းရှိန်လို သန်မာတဲ့လူတစ်ယောက်ကို သတိလစ်မေ့မျောသွားတဲ့အထိ စွမ်းဆောင်နိုင်ခဲ့တယ်ပေါ့.... ။
သူ ဆေးရုံကိုလည်း ခေါ်မသွားပေးခဲ့ဘူး ။ ဆရာဝန်လည်း ခေါ်မပေးခဲ့ဘူး ။ ခက်ထန်က ထည်ဝါလင်းရှိန် ကို ဒီတိုင်းလေးပဲ ထိုင်ကြည့်နေခဲ့တာ... ။
ဖေဖော်ဝါရီ ၁၄ရက်....
မှတ်မှတ် ရရ လေးပါပဲ... ။ အဖြူရောင်ကြွက်ပေါက်ကလေးကို ခေါ်လာတဲ့နေ့....။
အေးစက်နေတဲ့ လက်သေးသေးတစ်ဖက်ကို တကယ်ကို နွေးထွေးမှုတွေ ပေးအပ်ချင်ခဲ့တာ....
ဒယ်ဒီ လို့ တစ်ခါခေါ်ဖို့တောင် စကားထစ်နေတတ်တဲ့ ကြွက်ပေါက်ကလေး.... ။
YOU ARE READING
You are my husband (Season 1)Completed
Actionသူ့နာမည်က ' တော်ဝင်မင်းခက်ထန် ' တဲ့... ကျွန်တော့်ရဲ့ ခက်ထန် ၊ ကျွန်တော့်ကို မုန်းတဲ့ခက်ထန် ၊ ကျွန်တော့်ကို မြေကြီးပေါ်က သဲမှုန့်လေးလို စုပ်ချေ ဖျက်စီးပစ်ချင်နေပါသော ကျွန်တော်ချစ်ရပါသော ခက်ထန်... ။