တံခါးကို ဆွဲဖွင့်ကာ အခန်းတွင်းသို့ အလျင်အမြန်ဝင်လျက် အမုန်းဆုံး သူအား ရှာဖွေမိသည် ။
သို့သော် လှည့်ဖျားမှုတစ်ခုလေးသာ... ။
" ခက်ထန်... ဘာလာလုပ်တာလဲ? "
ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော ဖန်ကွဲစများနှင့် ကော်ဖီစက် တချို့ ရှိနေသည် ။ လဲကျနေသော ခုံရှည်တစ်လုံးကလည်း မပါမဖြစ်.... ။
" အသံကြားလို့... ဦးထည် အဆင်ပြေရဲ့လား လာကြည့်တာ! "
မောဟိုက်တုန်ရီနေသော အသံကို ထိန်းကာ
ခံစားချက်များကို မြိုသိပ်ပစ်လိုက်သည် ။ ပြုံးစစမျက်လုံးရှည်တို့ကို မုန်းတီးရွံရှာစွာ ကြည့်မိသောအခါ ထို လူက ဦးဆုံး အကြည့်လွှဲသွား၏ ။ အခုမှ သတိထားမိသည်မှာ
ထိုလူ၏ အခန်းမှ ကြည့်လျှင် နွေးဧကရီ နှင့် စကားပြောနေသော နေရာမှာ ကွက်တိအံဝင်ခွင်ကျ ဖြစ်နေ၏ ။အပေါ်ကနေ တစ်ချိန်လုံး စောင့်ကြည့်နေခဲ့တာလား... ။ ပြန်လှည့်လာတာကို သိလို့ ကော်ဖီခွက်နဲ့ ခုံရှည်ကို စည်းချက်ညီညီ
အသံထွက်ပေါ်အောင် လုပ်ပစ်ခဲ့တာပဲ ။"ငါ့ကို... စိတ်ပူနေတာလား ခက်ထန်! "
မျက်လုံးရှည်တို့သည် တဖျတ်ဖျတ် တောက်ပလွန်းနေခဲ့သည် ။ လိုချင်တာ ရ၍ အပျော်လွန်နေသော ကလေးလေးတစ်ယောက်လို.... သို့သော် ဖြူစင်တဲ့ ကလေး တော့ မဟုတ်ခဲ့ဘူး ။
" ကျွန်တော့် ဦးထည်ကို ကျွန်တော် စိတ်ပူလို့ ရတယ်မလား? "
ထိုလူဟာ ပြုံးပြလာခဲ့သည် ။ နှစ်ခြိုက်စွာ ကို ပြုံးပြလာခဲ့တာ... ။. သူ့အပြုံးထဲ အဓိပ္ပာယ်တချို့လည်း ကပ်ငြိနေသေးသည် ။
' နောက်ဆုံးတော့လည်း မင်း ငါ့ ဆီ ပြန်လှည့်လာရတာပဲ ခက်ထန်! " ဟု ပြောချင်နေသော ခနဲ့ဆန်သည့် မျက်ဝန်းမျိုး ၊ အပြုံးမျိုးဖြင့် ရွံစရာကောင်းနေခဲ့၏ ။" ဘာတွေ တွေးနေတာလဲ ခက်ထန်! ... ဟို... ခေါင်းမူးပြီး မိုက်ခနဲ ဖြစ်သွားလို့ ထိုင်ခုံကို တွန်းမိသလို ဖြစ်သွားတာ... ပြီးတော့ စားပွဲပေါ်လက်ထောက်ရင်း ချော်သွားလို့ ကော်ဖီခွက်ပါ ပြုတ်ကျသွားတယ်.. "
YOU ARE READING
You are my husband (Season 1)Completed
Actionသူ့နာမည်က ' တော်ဝင်မင်းခက်ထန် ' တဲ့... ကျွန်တော့်ရဲ့ ခက်ထန် ၊ ကျွန်တော့်ကို မုန်းတဲ့ခက်ထန် ၊ ကျွန်တော့်ကို မြေကြီးပေါ်က သဲမှုန့်လေးလို စုပ်ချေ ဖျက်စီးပစ်ချင်နေပါသော ကျွန်တော်ချစ်ရပါသော ခက်ထန်... ။