မျက်နှာပေါ်သို့ ရောက်ရှိလာသော လက်သီးလေးတစ်လုံးကြောင့် နှာခေါင်းတွင်းမှ သွေးတို့ ယိုစီးလာတော့သည် ။
ဒီလက်သီးဆုပ်လေး ပွန်းပဲ့သွားမည်ကို စိုးမိပါရဲ့...
မင်းမော် ဒူးထောက်လျက် ခေါင်းငုံ့ထားလိုက်သည်။
ပထမဆုံး မြင်တွေ့ခဲ့ရတဲ့ မျက်နှာဖူးဖူးလေးကြောင့်
နှလုံးခုန်သံတို့ကလည်း မတည်မငြိမ် ဖရိုဖရဲ နိုင်လွန်းလှပါ၏ ။" ဘာလို့ သတ်မလာနိုင်ရတာလဲ မင်းမော်! မင်းကို ယုံစားမိတာ ငါ မှားသွားပြီလား ဟမ်! "
သေနတ်မှန်ထားသော လက်မောင်းကို သခင်လေးက ခြေထောက်ဖြင့် ပိတ်ကန်လို့်  သူ့တကိုယ်လုံးကို စိတ်ရှိတိုင်း ကန်ကျောက်ပစ်၏ ။
မောသွားသလို ရှိကာမှ ထိုင်ခုံရှည်တွင် ၀င်ထိုင်ကာ
ခြေထောက်ကို ချိတ်လို့ ဆေးလိပ်ငွေ့များကို စိတ်တည်ငြိမ်နိုင်စေရန် မှုတ်ထုတ်၏ ။သခင်လေး ဆေးလိပ်သောက်တာ တခါမှ မမြင်ဖူးခဲ့သည်မို့ ဒူးလေးထောက်လျက်သာ သူ ငေးနေမိသည် ။
ဖြူဖပ်ဖြူရော် ရှိလှသော အသားအရည်လေးသည် အနက်ရောင် suit အပြည့်၏ အောက်တွင် သိသာစွာ ပေါ်လွင်ထင်ရှားလှပေသည် ။
" နောက်တစ်ကြိမ် ကြိုးစားကြည့်စမ်း မင်းမော်! တော်ဝင်မင်းခက်ထန် သာ သေသွားလိုက်စမ်း ငါ မင်းကို ဒီနေရာနဲ့ အဝေးဆုံးမှာ အပြည့်စုံဆုံး ဘ၀နဲ့ လွတ်လပ်မှုကို ခံစားခွင့် ပေးလိုက်မယ် "
သူ မလိုချင်ဘူး...၊ သခင်လေးနဲ့ အဝေးဆုံးမှာ နေရတော့ရော လွတ်လပ်မှုတွေက ဘယ်လိုများအရေးပါဦးမှာတဲ့လဲ။ ဒါပေမဲ့လည်း သူ့ဘ၀ဟာ မလိုချင်သည်ကို မလိုချင်ပါဘူးလို့လည်း ဖွင့်ပြောခွင့်မရှိသလို လိုချင်သည့်အရာကိုလည်း ရဲတင်းစွာ တောင်းဆိုပိုင်ခွင့် မရှိဘူး ။
" နောက်တစ်ခါ ထပ်မလွဲစေနဲ့တော့ မင်းမော်!
တချက်တည်းနဲ့ အပြီးသတ်ပစ်လိုက်စမ်းပါ "" ဘယ်အချိန် ပြန်စရမလဲ သခင်လေး"
" အချိန်ကျရင် ငါ ပြောမယ် လောလောဆယ်တော့ မင်း ခဏငြိမ်နေရဦးမှာပဲ ၊ ဦးစိုင်းထန် ကလည်း မင်းကို မြေလှန်ရှာနေတယ် ။ ခက်ထန် လည်း အတူတူပဲ မင်းဆီကို အန္တရာယ်က နှစ်ဖက်နှစ်လမ်းက လာနေတာ မင်းမော်... လတ်တလောတော့ ဦးစိုင်းထန် နဲ့  ခက်ထန် ရဲ့ ပွဲကို အားရပါးရကြီး ထိုင်ကြည့်ရဦးမှာပေါ့ ဟက်! "
YOU ARE READING
You are my husband (Season 1)Completed
Actionသူ့နာမည်က ' တော်ဝင်မင်းခက်ထန် ' တဲ့... ကျွန်တော့်ရဲ့ ခက်ထန် ၊ ကျွန်တော့်ကို မုန်းတဲ့ခက်ထန် ၊ ကျွန်တော့်ကို မြေကြီးပေါ်က သဲမှုန့်လေးလို စုပ်ချေ ဖျက်စီးပစ်ချင်နေပါသော ကျွန်တော်ချစ်ရပါသော ခက်ထန်... ။