Part(14)

7.7K 645 18
                                    

Unicode

   ဖြူဖျော့နေသည့် ကိုယ်ထည်ပိန်သွယ်သွယ်ကို ​ရေထဲမှ ပွေ့သယ်ကာ ကန်ဘောင်ပေါ်၌ အနဂ္ဂ အသာချလိုက်သည်။ လိပ်တက်သွားသည့် အင်္ကျီကြောင့် လှစ်ခနဲပေါ်လာသည့် ကပ်ရပ်နေသော ဗိုက်ချပ်ချပ်ကို သူအာရုံလွဲထားမိ၏။ အရေးကြီးသည်က မလှုပ်မယှက် ငြိမ်သက်နေသူအား သတိ အမြန် ပြန်လည်လာစေဖို့သာ...။

   သူ့စိတ်ထဲ တွေးတောခဲ့ဖူးသလိုမျိုး မြေမခသော,သာ ဒီအချိန်တိုလေးအတွင်းမှာ အမှန်တကယ် ပျောက်ဆုံးသွားတော့မည် ဆိုပါက...။'မဟုတ်သေးဘူး' ဆိုသည့်အတွေးများနှင့် ထိုလူ့ ရင်ဘတ်ပေါ်မှာ သူ့လက်တွေကို အရှိန်ပြင်းပြင်း ဖိအားပေးနေမိ၏။ မြေမခသော,က မာနတို့မာကျောသလောက် ကိုယ်ခန္ဓာကတော့ ထိရှလွယ်လိုက်သည့်ဖြစ်ခြင်းပင် ။

   "ဟား....မျက်လုံးတွေဖွင့်လာပါတော့လားကွာ"

    သူအားရှိသမျှသုံးပြီး ရေတွေအန်ထွက်သည်အထိ လုပ်ပေးပြီးတာတောင် မြေမခသော,က တုတ်တုတ်မျှ မလှုပ်လာခဲ့​ချေ။ ပကတိ ငြိမ်သက်လျက် ရှိနေဆဲ...။

   "ဦးမောင်...ဦး​မောင်...ဘယ်သူမှ မရှိကြဘူးလား"

   "ကျစ်..."

   မည်သူမျှ ပြန်ဖြေသံမကြားသည့်အဆုံး တစ်စုံတစ်ရာကို သူဆုံးဖြတ်လိုက်သည်။ အနီဖျော့ဖျော့ မထူမပါးနှုတ်ခမ်းသားတို့အပေါ် ထူထူထဲထဲ သူ့နှုတ်ခမ်းတို့အား ထပ်တူကျစေသည်။ အရေးပေါ် ကယ်ဆယ်မှုအတွက် ဒီတစ်နည်းပဲ ရှိတော့သည်မလား။

  မည်သို့ပင်ဖြစ်စေ ဒါဟာ အနမ်းတစ်ခုနှင့် မခြားနားခဲ့ပါလား ။ သူ့ရဲ့ ပထမဆုံးအနမ်းတို့အား ထိုလူသားအတွက် အသုံးပြုမိပြီ။ ပက်လက်လဲလျောင်းနေသူ၏ ခန္ဓာကိုယ်က အနည်းငယ်လှုပ်ရှားလာသည်အထိ ထိတွေ့မှုတို့အား မရပ်တန်မိ...။

  "အင့်...ဟွင့်"

    ထိုအရာကို အသက်ကယ်ခြင်းလို့ မှတ်ယူမလား၊ ရစ်မူးဖွယ် အနမ်းများလို့ ခေါ်လေမလား ၊သူတကယ် မစဥ်းစားတတ်တော့ပေ။ သို့သော် မြေမခသော,အတွက်တော့ သူ့လို ပထမဦးဆုံး ထိတွေ့ခြင်းဖြစ်လေပါ့မလား။ ထိုနှုတ်ခမ်းတို့အား မည်သူမည်ဝါက ထိပါးကျူးလွန်ပြီးပါပြီလဲ။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Where stories live. Discover now