Unicode
နှစ်ရက်ခန့် ကြာပြီးနောက်....။
(16.2.2018,Saturday)"ခင်ဗျား အခုအထိ စိတ်ဆိုးမပြေသေးဘူးလား"
"ဆေးခန်းလာပြီး ပွစိပွစိ မလုပ်နဲ့ အနဂ္ဂထည်..."
"အာ...ခင်ဗျားကဘာလဲဗျာ"
ဆေးခန်းစဖွင့်ကတည်းက လိုက်လာပြီး ဆေးခန်းပိတ်ချိန်အထိ တရားတလွန်စကားများနေသည့် ကပ်ပါးကောင်ကြောင့် မြေမခ မုဒိတာပွားနေရပါသည်။ အမေ့ကို ပြောသွားသည့်စကားများအား အမေကပြန်ပြောပြသည့်အခါ သူပါ သွေးတက်ချင်သွား၏။ ဒီအရွတ်တုံးကို နှစ်ရက်မကဘူး၊နှစ်,နှစ်လောက်ပါ ပစ်ထားလိုက်ချင်တာပါ။
"ငါ ပြန်တော့မှာ ထည်"
"အင်း...ပြန်မယ်လေ"
"မင်းဦးစီးတဲ့ကုမ္ပဏီ ဘာကြောင့် ဒေဝါလီမခံရသေးလဲ တကယ်စဥ်းစားလို့မရဘူး"
"ခင်ဗျားကလဲ၊ဒီတစ်ရက်ပဲ ခင်ဗျားဘေးမှာ ကပ်တွယ်ရတာလေ၊ကျန်တဲ့ရက်တွေ ကျွန်တော် ကုမ္ပဏီမှာ ရှိတာပဲကို"
"မသိဘူး၊မင်းဆိုင်ကယ်နဲ့ မင်းပြန်"
"ကျွန်တော်က ခင်ဗျားကားနဲ့ လိုက်ခဲ့ဖို့ တွေးထားပြီးသား၊မရဘူး လိုက်မှာ"စိတ်ဆိုးနေသူကို ဘယ်လိုချော့လျှင် အဆင်ပြေနိုင်ပါသလဲ။ အနဂ္ဂ မတွေးတတ်တော့ချေ။ ဆေးခန်းဖွင့်ရက်ဆို ဆိုင်ကယ်နဲ့လိုက်လာပြီး အပြန်ကျ သော,ကားဖြင့် ပြန်လိုက်နေကျပင်။ ကျန်ခဲ့သည့် ဆိုင်ကယ်ကိုက နောက်ရက်မှ ပြန်ယူစမြဲဖြစ်၏။ ယခုတော့ ယောက္ခမအပေါ် ကျွံမိသည့်စကားကြောင့် ကိုယ့်လူက စိတ်ကောက်ပြနေပြီဖြစ်သည်။
"ဖုန်းပိတ်ထားမှာမလို့ ဆက်ရင်လည်း အပိုပဲ ဖြစ်လိမ့်မယ် ထည်"
"သောရာ...ဒီလိုကြီး မလုပ်နဲ့ကွာ"
"အမေ့ကို လိုက်တောင်းပန်မယ်ဆိုရင်တော့ တစ်မျိုးပေါ့"
"ကျစ်..."
စုတ်သပ်လိုက်တဲ့ အနဂ္ဂကြောင့် မြေမခ,စိတ်မရှည်စွာ ကားပေါ်တက်လိုက်သည်။ ကိုယ့်အပေါ်မှာ ဆိုးတာ၊ရွဲ့တာ၊ပေတာ၊ဂျစ်တာ အားလုံးကို သူနားလည်သည်းခံ ပေးနိုင်သည်။ သို့သော် အမေက လူကြီးသူမ...။အငယ်ဖြစ်သူက ဒီလိုပုံစံသွားပြုမူသည်က အဘယ်မျှ ရိုင်းလိုက်ပါသလဲ။
YOU ARE READING
အနက်ရောင် ရပ်ဝန်း-Black Zone(Completed)
General Fiction"ခြေချရာမှာ စွန်းထင်းသွားနိုင်တဲ့ လှည့်ပြန်ခွင့်မရှိတော့မယ့် ရပ်ဝန်း...." "ဟင့်အင်း...ငါဆင်းသက်မယ့် ငါ့ရဲ့နိဗ္ဗာန်" U&Z StartDate(16,Dec,2021) End Date (6, Mar, 2022 ) Completed MiKyaw "ခြေချရာမှာ စွန်းထင်းသွားနိုင်တဲ့ လှည့်ပြန်ခွင့်မရှိတော့မ...