Part(35)

6.1K 448 34
                                    

Unicode

    "သူဌေး..."

    "ပြော...."

     "ဒါ...ရန်ကုန်က ပြခန်းအသစ်ကိုပို့ရမယ့် စိန်အထည်စာရင်းပါ"

     "အင်း..."

     အနဂ္ဂရှင်းခိုက်ပေးသည့် စာရင်းစာရွက်ဖိုင်တွဲအား ယူကာ စိစစ်လိုက်သည်။ထို့နောက် လက်မှတ် ရေးထိုး​ပေးလိုက်၏။

   "သူဌေး...မာယာတို့ ဘာလို့ခေါ်မလာတာလဲ"

   "ဘာလဲ...လွမ်းနေလို့လား"

   "တစ်ခါတစ်ခါ ထုရိုက်ပစ်ချင်စရာကောင်းပေမယ့် မမြင်ရတာကြာတော့လည်း သတိရသလိုလို ရှိတာနဲ့လေ"

    "ဟိဏ်းနဲ့ သုခ ရှမ်းပြည်ဘက် အလည်သွားတာ၊သူတို့ကိုပါ ခေါ်သွားတယ်"

    "သြော်...သူတို့ပဲ သာယာပါတယ်ဗျာ"

   ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၄)ကတည်းက သွားကြတာဆိုတော့ နောက်နှစ်ရက်​​လောက်ဆို ပြန်လာမည်ပြောသည်။ သုခက အတင်း ခေါ်ချင်နေလို့သာ ဟိဏ်းက မဖြစ်မနေ ခေါ်သွားရ​ခြင်းပင်။ ဟိဏ်း၏ အောင့်သက်သက်မျက်နှာကြီးအား ပြန်မြင်ယောင်မိတော့ သူပြုံးမိသွားပြန်သည်။

     "ဒေါက်...ဒေါက်..."

    "ရှင်းခိုက်...ဘယ်သူလဲ သွားကြည့်​ပေး..."

     "ဟုတ် သူဌေး..."

   ရှင်းခိုက်က အခန်းတံခါးဘက် လျှောက်သွားသော်လည်း အနဂ္ဂကတော့ Mac Bookမှ အကြည့်မခွာချေ။

    "ဟေး...ဘေဘီ"

    အသံနှင့်အတူ အခန်းထဲဝင်လာသူကြောင့် အနဂ္ဂ အနည်းနှင့်အများတော့ အံ့သြသွားရသည်။သို့သော် မျက်နှာမပျက်၊ ထိုင်ရာမှမထဘဲ လုပ်စရာရှိတာကိုသာ ဆက်လုပ်နေ၏။

    "ဘယ်တုန်းက ပြန်ရောက်တာလဲ"

    "မင်းက စိမ်းကားတယ်ပေါ့လေ"

  "အပိုတွေ၊မာဆလာတွေ မလုပ်လည်းဖြစ်တယ်"

     "ဒီကလေးလေး...စိတ်ကောက်နေတယ်ပေါ့၊ကိုယ်ကတော့ လွမ်းနေရတာကို..."

     "ဒေါ်သရဖီငြိမ်း...."

     "အဟစ်...ဟစ်...မင်းက​တော့ ​စိတ်ကြီးပဲ"

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)حيث تعيش القصص. اكتشف الآن