Part(25)

7.3K 593 32
                                    

Unicode

    "ကျွတ်....အာ့...."

    "ကို...ကိုကြီး သတိရလာပြီလား"

    "ကိုကြီး မဂ္ဂ သတိရလာပြီ"

   အခန်းထဲတွက်ရှိနေသည့် သုခနှင့် ဟိဏ်းကပါ ဝမ်းပမ်းတသာဖြင့် အနားသို့ ရောက်လာကြသည်။

    "ညီညီ...မခ,..မခရောဟင်"

   "သူသတိမရသေးဘူး...ကိုကြီး...ဟိုဘက် ကပ်ရပ် အခန်းထဲမှာရှိတယ်"

     "အာ့..."

     "မထနဲ့လေ...သူ ဆေးရှိန်ကြောင့် သတိမရသေးတာပါ။ပြီးတော့ အန်တီမီ ခုနကမှပဲ ပြန်သွားတာ"

      အတင်းထကြည့်ဖို့ ကြိုးစားနေသည့် ကိုကြီးအား သူ ဖျောင်းဖျပေးနေရသည်။အခုက ညနေ(၅)နာရီ အချိန်ဖြစ်ပြီး ကျောရဒဏ်ရာတွေကို ဆေးသေချာ မထည့်ရသေးပေ။သို့သော် ဒါတွေကို သူမမှုအား၊အသက်အန္တရယ်ထိ သက်ရောက်နိုင်တာမှ မဟုတ်ဘဲလေ။

     "ဆန်းမြတ်က ဘာလို့ကြာနေတယ် မသိဘူး။ငါ လိုက်သွားလိုက်မယ်"

     "အသေးလေး...ငါရောလိုက်မယ်"

     "ဘယ်ကိုလဲ"

     "ရှူးပေါက်"

     "လဲသေလိုက်တော့"

    အနဂ္ဂဟာ ယခုထိတိုင် မရယ်မောနိုင်သေးပါ။စိတ်ပူစရာ တစ်စုံတစ်ယောက် ကျန်နေသေးသည့်အခါ သူရင်မောနေရဆဲပင်။ဟိဏ်းတို့က သူစိတ်သက်သာရာ ရစေဖို့ အရွှန်းဖောက်ကြ​သောအခါ ခပ်ယဲ့ယဲ့သာ သူပြုံးနိုင်သည်။

     "ညီညီ...မင်းဘာဖြစ်သွား​သေးလဲ။ ကိုကြီး အခုထိ မမေးရသေးဘူး။ မမေးနိုင်ခဲ့ဘူး...ပြပါဦး"

     "ကျွန်တော်ဘယ်လောက် သန်မာလဲ...ကိုကြီး အသိပဲလေ။ ဒါကို ဘာလို့ လူစွမ်းကောင်း ဝင်လုပ်ရတာလဲ"

     "တစ်ဘဝလုံး မင်းပဲ ငါ့ကို ကာကွယ်ပေးခဲ့တာလေ လူဆိုးကောင်ရဲ့။ကြည့်ဦး...မင်းအကျင့်လုပ်ထားတော့ ငါ့မှာ ရန်တောင်မဖြစ်တတ်တော့ဘူး"

     ဒီတစ်ကြိမ်တွင်တော့ ကျွန်တော်ကာကွယ်ပေးမှာပေါ့ ဆိုတဲ့စကားကို ချွင်းချက်မရှိ ပြန်မပြောနိုင်ခဲ့တော့ချေ။ မတည်နိုင်သည့် ကတိတို့ကို နှုတ်ဖျားတွင်သာ မဟုတ်ဘဲ လက်တွေ့မှာပါ တည်မြဲနိုင်မှ တန်ရာ၏။ ရုတ်တရက် တံခါးပွင့်ဟသံကြားရ၍ နောက်သို့လှည့်ကြည့်မိသည်။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Donde viven las historias. Descúbrelo ahora