Part(1)

23.9K 1K 30
                                    

Unicode

မိုးကုတ်မြို့ မြို့ပတ်လမ်းတစ်လျှောက် အရှိန်ပြင်းစွာ မောင်းနှင်နေသည့် အနက်ရောင် ဆိုင်ကယ်​ကြီးတစ်စီးနှင့်အတူ ထူးခြားခြင်းဟာ ထိုအနက်ရောင်ကိုသာ ခြေအစခေါင်းအဆုံး အသုံးပြု ဝတ်ဆင်ထားသည့် ဆိုင်ကယ်စီးသူကြောင့်ပဲ ဖြစ်သည်။

ထိုဆိုင်ကယ်သည် မိုးကုတ်မြို့စွန်ရှိ 'ဟန်နဟိဏ်း'အမည်ရ ဟိုတယ်ဝင်းအတွင်းသို့ ကွေ့ဝင်သွား၏။၄င်းနောက် ခရီးနှင်လာသူဟာ ခြေထောက်တစ်ဖက်နှင့် ဟန်ချက်ထိန်းကာ အရှိန်သတ် ရပ်တန့်လိုက်သည်။

'Helmet'ကို ပင့်ချွတ်လိုက်တာကြောင့် (၅)လက်မခန့်ရှိ အညိုရောင် ဆံနွယ်ပျော့ပျော့တို့က နဖူးထက်သို့ ဝေ့ကျလာ၏။သွေးကြောစိမ်းစိမ်းတို့ ယှက်ဖြာနေသော ဘယ်ဘက်လက်ဖြင့် ထိုဆံပင်တို့အား အထက်ဘက်သို့ ပြန်လည်ပင့်တင်လိုက်သည်။ကျန်လက်တစ်ဖက်မှာတော့ နက်စွေးစွေးဖုန်းတစ်လုံး၏ မျက်နှာပြင်ကို ကျွမ်းကျင်စွာ ကစားနေ၏။

"ငါရောက်ပြီ ဟိဏ်း"

"ခေါင်းမိုးထပ်မှာ...တက်လာခဲ့လိုက် နက်ကြီး..."

သူ့နာမည်က အနဂ္ဂထည်ဖြစ်ပြီး သူအခုရောက်နေတာ သူငယ်ချင်းဖြစ်သူရဲ့ဖခင် ဦးကဏ္ဍဟိဏ်း၏ အထင်ကရ ဟိုတယ်ကြီးတစ်ခု ဖြစ်သည်။သူဟာ ဟိုတယ်ရဲ့အပေါ်ဆုံးလွှာကို ဓာတ်လှေကားသုံးကာ တက်ခဲ့လိုက်ပြီး ခေါင်မိုးထပ်ကိုရောက်ဖို့ ရိုးရိုးလှေခါးကို အသုံးပြုလိုက်သည်။အရပ်ရှည်သည့်အလျှောက် ခြေတစ်လှမ်းရဲ့ အကွာအဝေးဟာ (၁)ကိုက်နီးနီး အလျားရှိမည်။

"ဟေ့..အနဂ္ဂ!ဒီမှာ"

အနဂ္ဂဟာ ဟိဏ်းတို့ရှိရာ ထောင့်ဆုံးဝိုင်းကို ခြေလှမ်းကျဲတွေနဲ့ လျှောက်လှမ်းလိုက်သည်။ငေးကြည့်မည့် မိန်းမလှလေးတွေရှိမနေသော်လည်း သူ၏ပုံစံကား စမတ်ကျလွန်းတာထက် ပိုနေ၏။

"သုခရော..."

ဆန်မြတ်ဘေးမှာ သူဝင်ထိုင်လိုက်ပြီး ပထမဆုံးအမေးစကားကို ဆိုလိုက်သည်။

"ဘန်ကောက်ရောက်နေတယ်။မနက်ဖြန် ပြန်ရောက်မယ်တဲ့"

အနဂ္ဂအမေးကို ဟိဏ်းက ​​​ပြန်ဖြေသည်။သူတို့သူငယ်ချင်းတွေမှာ သုခစံက အငယ်ဆုံး​ဖြစ်သည်။ဟန်နဟိဏ်းနဲ့ ဆန်းမြတ်ကတော့ သူ့ထက် လပိုင်းကြီး၏။သူတို့အဖွဲ့တွေ နောက်ဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံခဲ့တာ လွန်ခဲ့သောလေးနှစ်ခန့်က ဖြစ်သည်။

အနက်ရောင် ရပ်ဝန်း-Black Zone(Completed)Tahanan ng mga kuwento. Tumuklas ngayon