Unicode
"အမောင် သင်္ခ....မင်းလူကြီးက လာရောလာဦးမှာလား"
"ရွှေဒင်္ဂါးမောင်မောင်စံ...မင်းပါးစပ်ပုပ်ကြီးက ကော်ရည်စိမ်ထားဖို့ပဲ ကောင်းတယ်...သိလား။ငါပြောရင်"မင်းအိမ်ကနွားမကြီး လင်နောက်လိုက်သွားပြီ"ဆိုရင်တောင် မင်းယုံလိုက်"
"မြတ်သောသင်္ခတို့က လျှာကို အဝီစိဖောက်ဝင်မတတ် ရှည်တော်မူပြန်ပြီ...ငါ့အိမ်မှာ ဘယ်နွားက ရှိရမှာတုန်း"
"မင်းကျတော့ရော...ပြောပုံဆိုပုံနဲ့နာမည်က လိုက်ဖက်ပါပေတယ်။မင်းတုန်းမင်းလေးဘက်ကုန်းခေတ်က ဆိုင်းသမားလိုလို၊ပြဇာတ်မင်းသားလိုလိုနဲ့...မင်းနာမည်ခေါ်ရင်း အသက်ထွက်ရတော့မယ် မောင်ရွှေဒင်္ဂါးမောင်မောင်စံရဲ့"
"ဒီနာမည်ကို နယ်နယ်ရရထင်နေသလား။ အမေ့ဝမ်းထဲမှာကတည်းက ပုပ္ပါးမြေမှာ အုန်းပွဲငှက်ပျောပွဲကို ခုနစ်ရက်ခုနလီလုပ်ပြီးမှ တောင်းခံထားတာကွ"
"သောက်ကျိုးနည်း...မင်းက မမွေးခင်တည်းက အကြားအမြင်ရနေလို့လား"
"အမေပြောပြတာပေါ့ မောင်သင်္ခရ"
အဝါရောင်နှစ်ထပ်အိမ်ကြီး၏ အပေါ်ထပ်မှန်ပြတင်းဝတွင် မှန်ပြောင်းကိုယ်စီဖြင့် ကောင်လေးနှစ်ယောက်က လိမ္မော်ခြံဘက် မျက်နှာမူလျက် ပါးစပ်တလှုပ်လှုပ်ဖြင့် စကားနိုင်လုနေကြသည်။ အကြည့်တို့ကတော့ ထိုခြံမှ မခွာကြ..။
"ဟို...ဟိုမှာ လာနေပြီ"
"ဘယ်မှာလဲ"
"ဟိုမှာလေကွာ...ကားပေါ်က ဆင်းလာပြီ။ဆင်စွယ်ရောင်အင်္ကျီနဲ့တစ်ယောက်"
"တယ်ချောသကိုး...အမောင် သင်္ခလေးတို့ သဘောကျရှာပေမှာပေါ့လေ"
"စကားကို အသက်နဲ့လိုက်အောင် ပြောစမ်းပါကွာ။ လေယူလေသိမ်းကိုက ဧယင်ကျူးတော့မယ့် ရွှေမင်းသမီးလိုပဲ"
မောင်မောင်ဟာ သင်္ခနှင့် သက်တူ၊ရွယ်တူပဲ ဖြစ်သော်လည်း စကားပြောလိုက်လျှင် ကမ္ဘာကြီးကို သူထမ်းပိုးတော့မလို တခမ်းတနားကြီးတွေ ဖြစ်နေ၏။
ESTÁS LEYENDO
အနက်ရောင် ရပ်ဝန်း-Black Zone(Completed)
Ficción General"ခြေချရာမှာ စွန်းထင်းသွားနိုင်တဲ့ လှည့်ပြန်ခွင့်မရှိတော့မယ့် ရပ်ဝန်း...." "ဟင့်အင်း...ငါဆင်းသက်မယ့် ငါ့ရဲ့နိဗ္ဗာန်" U&Z StartDate(16,Dec,2021) End Date (6, Mar, 2022 ) Completed MiKyaw "ခြေချရာမှာ စွန်းထင်းသွားနိုင်တဲ့ လှည့်ပြန်ခွင့်မရှိတော့မ...