Unicode
"မင်းဘာပြောချင်တာလဲ"
"ချိုမြိန်တဲ့ နှုတ်ခမ်းတစ်စုံအကြောင်း..."
အနဂ္ဂ၏ ထိုစကားကြောင့် မျက်လုံးဝိုင်းဝိုင်းတ်ို့က အံ့သြရိပ်သန်းသွား၏။ ပြီးတော့မှ မျက်ဝန်းတို့အား အခြားတစ်ဖက်သို့ ရှောင်တိမ်းသွားရင်း...။
"သွားကြရအောင်"
တိုးတိတ်ညင်သာစွာဆိုပြီး ရှေ့မှ ထွက်သွားသူအား အနဂ္ဂ စိုက်ကြည့်မိပြန်သည်။ ဒီလိုဆို ထိုလူက ဟိုနေ့ကကိစ္စကို သိနေခဲ့သလား ၊ တကယ်ပဲ မသိခဲ့ပေလား သူမသိတော့။ ထိုအနမ်းများကြားမှာ မြေမခသော,ဟာ သတိရှိနေခဲ့သလား။သူမမှန်းဆနိုင်တော့။ တကယ်ပါ။ ဒီလူဟာ မှန်းရခက်တဲ့ ပဟေဠိလှလှ တစ်ခု...။
"ဟေ့ စောင့်ဦးလေ"
"မြန်မြန်လာပေါ့"
လမ်းတစ်လျှောက်မှာရှိတဲ့ စိုက်ခင်းများ၊မြစ်ခင်းများနှင့် သစ်ပင်ပန်းမန်တို့ရဲ့ အပေါ်မှာ နှင်းမှုန်နှင်းခဲလေးများက တွဲခိုနေကြသည်။ခတ္တ လမ်းလျှောက်ပြီးနောက်ဝယ် နှင်းဖြူဖြူများ တန်ဆာဆင်ထားသည့် ရေခဲကွင်းပြင်ကြီးအား ရင်သက်ရှုမောဖွယ် လှမ်းမြင်နေရပြီ ။
"ဝါး...လှလိုက်တာ"
ဖန်သားလို နှင်းခဲကြည်ကြည်လေးများအတွင်း သစ်ရွက်စိမ်းစိမ်းလေးများ သိုလှောင်ထားသည့်အလား သဘာဝတရားတို့က မျက်လှည့်ဆန်၏။ပင်အိုအို၊အရိုးပြိုင်းပြိုင်း အကိုင်းအခက်များ၌ ဆီးနှင်ဖတ်ကလေးများက တွဲလျားကျနေကြသည်။ အဝေးမှ လှမ်းမြင်နေရသည့် အိမ်ခေါင်မိုးနီနီတို့အားလည်း ဖြူဖတ်ဖတ်အရာလေးများ ကွက်တိကွက်ကြား နေရာယူထားကြပြန်သည်။
YOU ARE READING
အနက်ရောင် ရပ်ဝန်း-Black Zone(Completed)
General Fiction"ခြေချရာမှာ စွန်းထင်းသွားနိုင်တဲ့ လှည့်ပြန်ခွင့်မရှိတော့မယ့် ရပ်ဝန်း...." "ဟင့်အင်း...ငါဆင်းသက်မယ့် ငါ့ရဲ့နိဗ္ဗာန်" U&Z StartDate(16,Dec,2021) End Date (6, Mar, 2022 ) Completed MiKyaw "ခြေချရာမှာ စွန်းထင်းသွားနိုင်တဲ့ လှည့်ပြန်ခွင့်မရှိတော့မ...