ထမင်းစားချိန်ဖြစ်၍ကျောင်းကန်တင်းတွင်ဆူညံနေသည်။သမိုင်းချိန်တွင်
သူတို့သုံးယောက်လုံးမုန့်ခိုးစားတာ
ဆရာမ မိသွား၍ အတန်းပြီးသောအခါ
အတန်းပြင်ထွက်ကာလက်မြောက်ရသည်မလို့သူများတွေထမင်းစားဆင်းချိန်တွင်မဆင်းရပဲနောက်ဆုံးမှဆင်းရ၍
လူတန်းကြီး၏နောက်ဆုံးသုံးယောက်မှာသူတို့သာလျှင်။ဆောင်းဟွန်းကမနက်ကအတန်းပိုင်ဘယ်သူလဲဆိုတာသိရပြီးထဲကစိတ်မကြည်၍မှုန်ကုပ်ကုပ်ဖြင့်။
ဂျယ်ယွန်းနဲ့ဂျေးကတော့ထိုအကြောင်းပြောပြပြီးထဲကခွက်ထိုးခွက်လန်ရယ်သည်မှာခုထိမျက်နှာပိုးမသေ သေး။''ရား! !!ကြည်ကြည်လင်လင်နေစမ်းပါ
မျက်နှာကပုပ်သိုးနေတာပဲ''''ပတ်ဂျေးငြိမ်ငြိမ်နေစမ်း''
''ဂျေးရာမစစမ်းပါနဲ့ ငါတို့ဆောင်းဟွန်းနီးသနားပါတယ် ခွီး!''
ဂျယ်ယွန်းကသူ့ဘက်ဝင်ပြောပေးသည့်ပုံစံဖြင့်လှောင်ရယ်နေပြန်သည်။
ဂျေးကလည်းပြုံးစိစိဖြင့်တမင်သက်သက်စနေသလို။ပြောမရဆိုရမရ
ထိုကောင်နှစ်ကောင်ကိုလျစ်လျူရှူကာနေလိုက်သည်။စိတ်ထဲတွင်တော့
ဘာလို့လူတွေအများကြီးထဲမှထိုလူကဆရာလာဖြစ်ရသည်လဲဆိုသောအချက်ကိုဆောင်းဟွန်းဘဝင်မကျနိုင်။
ပြောချင်တာကထပ်တွေ့ရင်လည်း ဒီလို
ပုံစံမျိုးဖြင့်မဟုတ်ပဲ တခြားပုံစံမျိူးဖြင့်
တွေ့မှာကိုလိုလားသည်။
ကျောင်းပြေးတာသိနေတာကိုကြောက်လို့မဟုတ်ပဲ ထိုလူကိုဆရာ
တော်နေရခြင်းကိုမကျေနပ်ပေ။
သူတို့ကျောင်းကဆရာ၊ဆရာမမှန်သမျှကအသက်ကြီးပိုင်းတွေဖြစ်ပြီး မျက်မှန်
ကိုယ်စိဖြင့်။တချိူ့ဆိုမြေးချီတဲ့အရွယ်တောင်ရောက်နေပြီပင်။ဒါပင်မဲ့
ကျောင်းဆေးခန်းကဆရာဝန်မလေး noonaကတော့ချွင်းချက်ပေါ့။အဲ့တာထားပါ..
လွန်ခဲ့တဲ့တစ်ပတ်တုန်းကဂိမ်းဆော့ဖို့သာ
အဓိကဖြစ်နေသည်မလို့ထိုလူချောတာကိုသတိထားမိသော်လည်း အမူမဲ့အမှတ်မဲ့နေခဲ့၏။
အခုတော့ modelရှုံးအောင်ချောမောလှသောလူကို samလို့ခေါ်ရမှာအနည်းငယ်ကသိကအောက်နိုင်ပါသည်။
ခေါ်မယ့်ခေါ် တခြားနာမ်စားပေါ့...
အင်း...samဆိုတာကြီးက။
YOU ARE READING
𝙎𝙪𝙢𝙢𝙚𝙧 𝙗𝙧𝙚𝙚𝙯𝙚 𝙡𝙤𝙫𝙚 𝙨𝙩𝙤𝙧𝙮
FanfictionHe smiled... and it is like proem of my heart beats Start//2021年12月17日 Finish//2022年2月20日