ည၆နာရီထိုးနေပြီဖြစ်သည်။ကိုကိုက...အဟမ်း...သူ့စိတ်ထဲမှာတော့ကိုကိုပေါ့...ထားပါတော့ ကိုကိုကညနေထဲကရောက်နေတာမပြန်သေးသည့်အပြင်
စာပါသင်ပေးနေသည်။
ဆောင်းဟွန်းတို့သုံးယောက်တော့မငြင်းနိုင်လက်စနဲ့ မထိုင်ချင်လည်းထိုင်နေရသည်။ဂျေးနဲ့ဂျယ်ယွန်းဆို ရှုံ့မဲ့မဲ့မျက်နှာကိုမထိမ်းထားနိုင်၊ သူကတော့စာလိုက်နားမထောင်ပဲ ကိုကို့မျက်နှာကိုသာလိုက်ကြည့်နေမိ၏။''Cos က30°မှာဆိုဘယ်လောက်လဲ''
ရုတ်တရပ်ထိုမေးခွန်းကြောင့်တစ်နေ့ထဲ
တွင်ဒုတိယအကြိမ်ခဲတံဖြင့်ပါးစပ်ကို
ထိုးမိသည်။ဂျေးကကိုကိုwhite boardဘက်လှည့်နေတုန်းငိုက်နေတာကိုမနည်းထိမ်းလိုက်ရသည့်ဟန်။
ဂျယ်ယွန်းကစာအုပ်ကြီးအရှေ့မှာထောင်ပြီးကုပ်ချောင်းချောင်းဖြင့်။''မသိကြဘူးလား''
ကိုကိုကသူ့ကိုကြည့်နေသော်လည်းချက်ချင်းမသိချင်ယောင်ဆောင်လိုက်ရသည်။ချီးကျူးတာခံချင်သော်လည်း
ဘာသာရပ်အားလုံးတွင်ဆောင်းဟွန်း
မရဆုံးမှာသချာ်ဖြစ်သည့်အလျောက်
ဘာမှမတတ်နိုင်ပေ။''အမ်...Square root of....
ဂျေး၏ထစ်အအ အသံ။
''ကယ်တော်ပြီ...Samပဲဖြေလိုက်တော့မယ်''
ထိုအခါမှဂျေးနဲ့ဂျယ်ယွန်းက
ကိုကို့ကိုသွားဖြဲပြသည်။
ဆောင်းဟွန်းကသူ့ပုံစံအတိုင်းခပ်တည်တည်ပဲနေသည်။''ဗိုက်ဆာနေကြပြီမလား ကြက်ကြော်မှာထားပေးတယ်''
ဆောင်းဟွန်းနှာခေါင်းရှုံ့မိသည်။
သူကြက်ကြော်မကြိုက်ပါ၊ဒါပင်မဲ့
ကြက်သားမကြိုက်တာတော့မဟုတ်၊
ကြက်ကြော်တစ်ခုထဲကိုမကြိုက်ခြင်းသာ။ဘာဂါထဲပါသောကြက်သားပြားကြော်လည်းစားတယ်၊chicken cutletလည်းစားပါသည်။''မင်းအတွက်ကတော့ကြက်ကြော်မဟုတ်ဘူး pizza''
ကိုကိုကခုံပေါ်ကနေစားပွဲဝိုင်းအောက်ဆင်းလာပြီးတိုးတိုးကပ်ပြောသည်။
ဟိုနှစ်ကောင်ကစာမသင်တော့သည်
မလို့ကြမ်းပြင်ပေါ်တွင်ခြေထောက်ထောင်ကာဖုန်းကိုယ်စီဖြင့်။
![](https://img.wattpad.com/cover/294927070-288-k908379.jpg)
YOU ARE READING
𝙎𝙪𝙢𝙢𝙚𝙧 𝙗𝙧𝙚𝙚𝙯𝙚 𝙡𝙤𝙫𝙚 𝙨𝙩𝙤𝙧𝙮
FanficHe smiled... and it is like proem of my heart beats Start//2021年12月17日 Finish//2022年2月20日