![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
''ဘာဝယ်စရာရှိသေးလဲ''
ဘေးချင်းကပ်ရပ်ယှဥ်မောင်းနေသော
စက်ဘီးကိုအနည်းငယ်အရှိန်လျော့ကာရပ်လိုက်သည်။samလည်းထိုနည်းတူ။
ဆောင်းဟွန်းတို့အိမ်ကတောင်ကုန်း၏
အပေါ်ဆုံးမှတည်ရှိသည်မလို့၊
မညီမညာကျောက်စရစ်ခဲများပေါသော
ထိုလမ်းအတိုင်းဆင်းလာလျှင်
ရေစီးသန်သည့်စမ်းချောင်းလေးကိုတွေ့နိုင်သည်။ကြည်လင်နေသောရေကြောင့်
ရေအောက်ခြေကိုဖောက်ထိုးမြင်နိုင်ပြီး
ကျောက်စရစ်ခဲများအထပ်ထပ်ဖြင့်။
ကျောက်တုံးကြီးများပေါ်တွင်ပေါက်ရောက်နေသောပန်းပွင့်ငယ်လေးများကရေပေါ်တွင်လှပစွာတည်ရှိနေသည်။ရွှေရောင်ငါးလေးတွေစမ်းရေကြည်ကြည်တွင်ကူးခတ်နေသည်ကိုလည်းမြင်နိုင်သည်။
လျှပ်စစ်နှင့်ဆက်သွယ်ရေးကြိုးများသည်ဓာတ်တိုင်အကွာအဝေးတစ်ခုကြားတွင် လျော့ရဲနေပြီးထိုကြိုးတန်းများပေါ်တွင်
ငှက်သုံးလေးကောင်ကအနားယူနေကြသည့်ပုံပေါ်၏။''ဝယ်စရာရှိပင်မဲ့နောက်မှဝယ်မယ်...''
''ဟင်...ဒါဆိုဘယ်သွားမှာလဲ''
''မင်းရော ကျောင်းပိတ်ရက်တွေဘယ်သွားတတ်လဲ ကိုယ့်ကိုလိုက်ပို့ပါလား''
ဆောင်းဟွန်းကကျောင်းပိတ်ရက်တွင်
ဟိုကောင်နှစ်ကောင်နှင့်gameဆော့
နေတာများပြီးgameဆိုင်မှလွဲ၍အပြင်သွားလေ့မရှိ။မြစ်ဆိပ်တော့သွားတတ်ပင်မဲ့ samကိုခေါ်သွားဖို့တော့ပျင်းစရာကောင်းသောနေရာကြီးဟုထင်မိသည်။''ဘာလဲ gameဆိုင်ပဲသွားတာလား''
ထိုရှေ့ကလူကခုနကရုပ်တည်နေတာ
သူမဟုတ်သည့်အတိုင်းစနေပြန်သည်။
![](https://img.wattpad.com/cover/294927070-288-k908379.jpg)
YOU ARE READING
𝙎𝙪𝙢𝙢𝙚𝙧 𝙗𝙧𝙚𝙚𝙯𝙚 𝙡𝙤𝙫𝙚 𝙨𝙩𝙤𝙧𝙮
FanfictionHe smiled... and it is like proem of my heart beats Start//2021年12月17日 Finish//2022年2月20日