Sunshine after rain

890 137 25
                                    


မနက်မိုးလင်းပြီမလို့သစ်ကိုင်းပေါ်ရှိငှက်လေးများ၏တကျီကျီအသံသည်ပြတင်းပေါက်နားတွင်ဆူညံစွာ။
နွေရာသီ၏နေလုံးကြီးသည်မိုးလင်း
သည်နှင့်အစွမ်းကုန်တောက်ပပြီးပတ်ဝန်းကျင်တစ်ခုလုံးနွေးထွေးအောင်ဖျာကျပေးသည်။
ဆောင်းဟွန်း မျက်လုံးဖွင့်ချင်မဖွင့်ချင်
ဖြင့် အိပ်ရာထရန်ပြင်တော့ ဘေးတွင်သူ့ကိုကျောပေးပြီးအိပ်နေသောကိုကို။
ကိုကိုကအလုပ်ထွက်ပြီးထဲကသူ့အိမ်ကနေမပြန်တော့ပဲဒီမှာပဲတစ်သက်လုံးနေမယ်လို့စဥ်းစားထားပုံရသည်။
ခုလည်းတစ်ပတ်လောက်ရှိနေပြီ...အိမ်မှာပဲသောင်တင်နေသည်။
ဆောင်းဟွန်းမေမေကလည်း ကိုကို့ကို
စတွေ့ထဲကသားလေး သားလေးနဲ့
မပြန်လည်းရတယ် ဆောင်းဟွန်းနီး
အဖော်ရတယ်ဆိုလား။
ဆောင်းဟွန်းကိုမေးရင်တော့ ပြန်စေချင်မျိုးတော့မဟုတ်ပင်မဲ့ ကိုကိုရှိနေရင်စာလုပ်ရ၍ ပိစိလေးတော့ပြန်စေချင်ပါသည်။
စာလုပ်ရတဲ့အကြောင်းအရင်းစဥ်းစားလိုက်ရ၍သူရှေ့ကတရားခံကိုဆက်
မကြည့်ချင်တော့ပဲအိပ်ရာပေါ်မှထလာခဲ့လိုက်သည်။



'ကိုယ့်ကိုတောင်နှိုးမသွားဘူး'

ဆောင်းဟွန်းသွားတိုက်နေတုန်း
ကိုကိုကအိပ်ချင်မူးတူးနဲ့ရောက်လာသည်။
ရေချိူးခန်းတံခါးဘောင်ကိုမှီကာရပ်နေပြီးမျက်လုံးကလည်းမှိတ်ထားသေးသည်။

''ဘယ်သွားစရာရှိလို့နှိုးရမှာလဲ''

''ရှိတယ်လေ မင်းကိုကျောင်းလိုက်ပို့ပေးရမယ်''

'ကိုယ့်ဘာသာသွားတတ်တယ်'

'စောစောစီးစီးဂျစ်ပြန်ပြီ''

သွားတိုက်နေတုန်းတန်းလန်းကြီးမလို့စကားပြန်ပြောလို့မရ။ထို့ကြောင့်
မြန်မြန်သွားတိုက်ပြီးရေချိုးခန်းထဲတစ်ဝက်လောက်ရောက်နေပြီဖြစ်တဲ့ကိုကို့ကိုတွန်းထုတ်ရင်း

'သွားတော့ ကျတော်ရေချိုးတော့မယ်'

'ဟိတ် ဘာလို့အရမ်းနှင်ထုတ်နေတာလဲ'

ထိုစကားကိုတော့ရေချိုးတံခါးကိုလက်နဲ့ထုပြီးပြောနေလေရဲ့။
အရင်တုန်းကအတန်းပိုင်ဆရာမလို့
ငြိမ်နေတာအခုတော့အနိုင်ကျင့်လို့ရပြီ
မလို့တွေးမိရင်းဆောင်းဟွန်းတစ်ချက်
ပြုံးမိသွားသည်။

𝙎𝙪𝙢𝙢𝙚𝙧 𝙗𝙧𝙚𝙚𝙯𝙚 𝙡𝙤𝙫𝙚 𝙨𝙩𝙤𝙧𝙮 Where stories live. Discover now