Four-leaf clover

1K 145 9
                                    


ဆောင်းဟွန်းစာကြိုးစားနေရသည်။
အင်း...သူစိတ်အတိုင်းဆိုစာမေးပွဲနီးလည်းအေးရာအေးကြောင်းသာနေပင်မဲ့
ကိုကိုပြောသလိုဆိုးလ်မှာကျောင်းတက်
မယ့်အကြံလည်းမဆိုးတာမလို့သူလက်ခံပါသည်။
ဂျေးနဲ့ဂျယ်ယွန်းကိုလည်းတက္ကသိုလ်ထိတူတူ တတွဲထဲပါသွားစေရန် ဆောင်းဟွန်းမှာ အဖေလိုတစ်ဖုံ၊ သူငယ်ချင်းလိုတစ်ဖုံ အမှတ်ကောင်းစေရန် အနောက်ကတွန်းပေးနေရသည်။
သုံးယောက်လုံးကဥာဏ်ကောင်းပြီးစာလိုက်နိုင်တဲ့ထဲပါတာမလို့အရမ်းတော့
စိုးရိမ်စရာမရှိပါပေ။
စာကြိုးစားနေတယ်ပြောပင်မဲ့အခုတော့
သူတို့သုံးယောက်သားmartတစ်ခုထဲရောက်နေကြသည်။
ဂျေးမွေးနေ့ကဒီညမလို့သူတို့သုံးယောက်စုပြီး ဟိုစားဒီစားလုပ်ရန် လိုတာထွက်ဝယ်ခြင်းပင်။
ကိုကိုကသွားစရာရှိတာမလို့သူတို့သုံးယောက်ကိုအပြန်ကျလာကြိုမည်ပင်။

'အသားထည့်လေ'

ဆောင်းဟွန်းကသုံးထပ်သားသုံးဘူးလောက်ယူကာခြင်းထဲထည့်သည်။
ဂျေးကခြင်းထဲကသုံးထပ်သားဘူးတွေကိုတစ်လှည့်ဆောင်းဟွန်းကိုတစ်လှည့်
ကြည့်ကာနေ၏။
ဂျယ်ယွန်းကအသားတန်းဘေးက ဘီယာနဲ့ဆိုဂျူပုလင်းများကိုငေးနေရင်းတစ်ခုခုအကြံထုတ်နေပုံရသည်။

'ဘာကြည့်တာလဲ'

'မင်းငါ့ကိုဘယ်ထဲကအငြိုးတွေရှိတာလဲဆောင်းဟွန်း'

'ဘာလို့လဲ'

'ခြင်းထဲမင်းယူထားတဲ့ဟာတွေကြီးပဲ'

'ပတ်ဂျေးကပ်စေးမနဲနဲ့မင်းမှာပိုက်ဆံတွေအများကြီးရှိတာငါသိတယ်'

ငေးနေတဲ့ဂျယ်ယွန်းကဂျေးပုခုံးကိုဖက်ကာ​ပြောသည်။ပြီးတော့မျက်နှာကပြုံးစိစိနဲ့။

'ဂျေးအီနဲ့ဆောင်းဟွန်းနီး'

ဂျယ်ယွန်း၏ထိုသို့ခေါ်သံကိုကြားတော့
ဆောင်းဟွန်းရင်ထိတ်သွားရသည်။
ဂျေးလည်းထိုနည်းတူဖြစ်ပါလိမ့်မည်။
ဂျယ်ယွန်းရဲ့ခေါင်းထဲကမဟုတ်တာလုပ်
မယ့်ညင်ဆိုးလေးများပေါ်လာပါက
ဂျေးနဲ့ဆောင်းဟွန်းကိုထိုသို့ခေါ်တတ်သည်။

'အဲ့လိုခေါ်မနေနဲ့ ပြောစရာရှိတာပြော'

ဂျေးကသူ့ပခုံးပေါ်ကဂျယ်ယွန်းလက်ကိုဖြုတ်ချပြီးလက်နှစ်ဖက်ကိုပိုက်ကာ
ကြက်သီးထတယ်ဆိုသောပုံကိုလုပ်ပြသည်။

𝙎𝙪𝙢𝙢𝙚𝙧 𝙗𝙧𝙚𝙚𝙯𝙚 𝙡𝙤𝙫𝙚 𝙨𝙩𝙤𝙧𝙮 Where stories live. Discover now