First step to your heart

916 156 18
                                        

အထက်တန်းနောက်ဆုံးစာမေးပွဲတဖြည်းဖြည်းနီးကပ်လာပြီဖြစ်သည်။
ဆောင်းဟွန်းတို့သူငယ်ချင်းသုံး​ယောက်ကတော့စာမလုပ်လည်းတစ်နှစ်တစ်တန်း
ပုံမှန်အောင်လာသူများမလို့စိတ်ထဲတွင်
ဘာမှဖြစ်မနေ။
ဒီနေ့ကသောကြာနေ့...
ထို့ကြောင့်ကျောင်းသားအားလုံးကျောင်းပိတ်ရက်ကိုတွေးပြီးပျော်နေနိုင်သည်။ထို့အတူနောက်ဆုံးစာမေးပွဲ
မတိုင်ခင် လေ့လာရေးခရီးအမြဲသွားသောအချိန်ရောက်လာပြီမလို့လည်းဖြစ်နိုင်သည်။


ဆောင်းဟွန်းဒီနေ့ဂျေးနဲ့ဂျယ်ယွန်း
ကျောင်းပျက်ပြီးဂိမ်းသွားဆော့မယ်
ပြောလာသော်လည်း နေမကောင်းဘူးအိမ်မှာပဲနေမယ်လို့ပြောပြီး အခုတော့
ကျောင်းရောက်နေပြီပင်။
အိပ်ရာထနောက်ကျ၍စက်ဘီးကိုခပ်သွက်သွက်မောင်းလာတာမလို့
မနက်စောစောပင်လျှင်သူ့မှာချွေးပြန်နေသည်။ကျောင်းဝန်းထဲရောက်မှ
အုပ်ဆိုင်းနေသောသစ်ပင်ရိပ်များ
ကြောင့်ရင်ထဲအေးသွားသည်။
သစ်ပင်ပေါ်တွင်နားနေသောငှက်ကလေးများ၏တကျီကျီအသံနှင့်အတူနွေလေပြည်ခပ်အေးအေးကြောင့်သစ်ရွက်များအချင်းချင်းရိုက်ခတ်သံဖွဖွကိုပါကြားရသည်။
ကျောင်းသန့်ရှင်းရေး၏သစ်ရွက်များကို
မီးရှို့နေသောအနံ့သည်လည်း
ဖြည်းညှင်းစွာတိုက်ခတ်နေသော
လေထဲတွင်ပျံ့နှံ့နေ၏။
အိပ်ရာထနောက်ကျသော်လည်း
ကျောင်းသို့ရောက်တာစောသည်။
ထို့ကြောင့် ဟာနေသောဗိုက်ကိုဖြည့်ရန်
ကျောင်းတွင်းရှိstoreဆိုင်ကိုသွားရန်
ဆုံးဖြတ်လိုက်သည်။

''ရော့''

မျက်စိရှေ့ကခပ်သွယ်သွယ်လက်
တစ်စုံတွင်နို့တစ်ဘူးနဲ့ပေါင်မုန့်တစ်ထုတ်။
ထိုလက်တွင်ပတ်ထားသောနာရီကိုအလွတ်ရနေပြီမလို့ဘယ်သူလဲဆိုတာ
တန်းသိနေပြီဖြစ်၏။

''ဒီနေ့ကျောင်းမလာတော့ဘူးထင်တာ''

ဆောင်းဟွန်းတွေဝေမနေတာ့ပဲ
samလက်ထဲကနို့ဘူးနှင့်ပေါင်မုန့်ထုတ်ကိုယူကာ မြင်နေရသောခုံတန်းတစ်ခုတွင်ဝင်ထိုင်လိုက်၏။
samကလည်းသူ့ဘေးတွင်ဝင်ထိုင်သည်။

''စကားလည်းမပြောဘူး''

''မုန့်စားလိုက်ဦးမယ်''

𝙎𝙪𝙢𝙢𝙚𝙧 𝙗𝙧𝙚𝙚𝙯𝙚 𝙡𝙤𝙫𝙚 𝙨𝙩𝙤𝙧𝙮 Where stories live. Discover now