![]()
Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image. ကျောင်းပိတ်ရက်ကုန်ဆုံးသွားပြီဖြစ်သည်။ တနင်္လါနေ့ရောက်ပြီဖြစ်၍
မနက်စောစောထရသည်။ထုံးစံအတိုင်း
alarmကတော့ သင်္ဘောကမ်းကပ်၍
သံရှည်ဆွဲမြည်သော အသံဖြစ်၏။
ညတုန်းကနောက်ကျအိပ်ထားတာမလို့
မျက်မစိမပွင့်ဘူးလို့ထင်ခဲ့သော်လည်း
ထူးထူးဆန်းဆန်းမျက်လုံးကကျယ်နေသည်။
ရှုပ်ပွနေသောဆံပင်များကိုထိုးဖွကာ
တန်းတွင်လှမ်းထားသောtowerကို
ယူပြီးရေချိူးလိုက်၏။ဒီနေ့တော့မနက်စာမငတ်။မနေ့ကsamကအိမ်အတွက်လိုတာတွေ
ဝယ်တာမလို့သူ့ကိုလည်းနို့ဘူးအကပ်
လိုက်၊အသင့်စားပေါင်မုန့်ထုပ်များ၊ခေါက်ဆွဲထုပ်နှင့်ကော်ဖီထုပ်များ
ဝယ်ပေးလေသည်။
သူငြင်းသော်လည်းအတင်းပေးသည်မလို့ငြင်းရန်မတတ်သာတော့ပဲလက်ခံလိုက်ရ၏။
ခေါင်းလျော်ထားတာမလို့စိုနေသောဆံ
ပင်များကိုtowerဖြင့်ဖြစ်သလိုသုတ်ကာမခြောက်သေးခင်မှာပဲရေခဲသေတ္တာထဲမှ နို့တစ်ဘူးနှင့်ပေါင်မုန့်တစ်ထုပ်ကိုဘေးလွယ်အိတ်ထဲထည့်ပြီးအိမ်ပြင်ကို
ထွက်လာခဲ့တော့သည်။
ဘာလို့ကျောင်းသွားဖို့အရမ်းတက်ကြွနေပါလိမ့်...။လေကြောင်းတည့်သောအိမ်မလို့
လမ်းပေါ်ရောက်တာနှင့်လေများကတဖြူးဖြူးတိုက်နေသည်။
ကုန်းဆင်းလမ်းအတိုင်းစက်ဘီးမောင်းနှင်ရင်းလမ်းဘေးတစ်နေရာတွင်ခွေးပေါက်စလေးတစ်ကောင်ကိုတွေ့တာမလို့
စက်ဘီးကိုအရှိန်လျော့လိုက်သည်။''annyeong ကောင်းသောမနက်ခင်းပါ''
''ဝုတ်''
ထိုခွေးပေါက်စကဆောင်းဟွန်းပြော
သည့်စကားကိုနားလည်သည့်အတိုင်း
အသံပြန်ပေးလာသည်။
သူလည်းမေမေတို့ကိုပြောပြီးခွေးလေး
တစ်ကောင်လောက်မွေးရင်ကောင်းမယ်။
ဒီခွေးပေါက်လေးပဲကြည့်
ဘယ်လောက်ချစ်ဖို့ကောင်းလိုက်သလဲ။
ခဏကြာလောက်ထိုခွေးပေါက်လေးကို
စိုက်ကြည့်ရင်းနှင့်၅မိနစ်လောက်အချိန်
ကုန်သွားသည်။

YOU ARE READING
𝙎𝙪𝙢𝙢𝙚𝙧 𝙗𝙧𝙚𝙚𝙯𝙚 𝙡𝙤𝙫𝙚 𝙨𝙩𝙤𝙧𝙮
FanfictionHe smiled... and it is like proem of my heart beats Start//2021年12月17日 Finish//2022年2月20日