Zawgyi code
နှောင်း...နှောင်းထွက်သွားခဲ့တာ တစ်လတောင်ရှိပြီ...လွမ်းတယ်နှောင်းရယ် လောကကြီးမှာ တွေ့ဆုံကြုံခဏဆိုရင်တောင်
မင်းကိုတော့ ကိုယ်မလွမ်းချင်သေးဘူးနှောင်း....သိပ်ချစ်ရတဲ့လူကိုစွန့်လွှတ်ရတဲ့အခါ ရင်ဘတ်ထဲမှာသေလုမတတ်နာကျင်ရတာတွေနှောင်း သိပါ့မလား...
ကိုယ့်ရဲ့နှောင်းက ကလေးဆိုတော့ဘယ်သိပါ့မယ်နော်...*ကိုယ်ဒဏ်မခံနိုင်တော့ဘူးနှောင်းရယ် မင်းကိုလဲမလွမ်းနိုင်တော့ဘူး"
ဝိုင်ပုလင်းတွေ တစ်ပုလင်းပြီး တစ်ပုလင်း ကုန်လာပေမဲ့ ရင်ထဲကနာကျင်မှုကပျောက်ပျယ်မသွားသည့်အပြင်ပိုဆိုးလာတာကြောင့်ဘေးနားမှာရှိတဲ့ နှောင်းရဲ့အိပ်ဆေးဗူးလေးကိုကြည့်မိတယ်......
*နှောင်းရေ....ကိုယ်လိုက်လာခဲ့မယ်....
မင်းလေးတစ်ယောက်တည်း ပင်ပန်းနေမယ်*အိပ်ဆေးဗူးထဲကအိပ်ဆေးလုံးတွေကိုသောက်ချပြစ်ပြီးပြုံးလိုက်မိတယ်...ကျွန်တော်နဲ့နှောင်း ထပ်တူကျပြီ...နှောင်းနောက်ကိုကျွန်တော်လိုက်နိုင်ပြီ....ပြုံနေတဲ့အပြုံးတချို့က မိခင်အတွက်တော့ရင်နာစရာ ဖြစ်နေပေမဲ့ အချစ်ကြီးလွန်းတဲ့သားအတွက်တော့ ဒီအပြုံးက အဓိပ္ပါယ်ရှိလွန်းသည်။
ကြယ်ကိုလကမပိုင်ဘူးနေကပိုင်ဆိုင်ထားတယ်...ဒါပေမဲ့
ကြယ်နဲ့အတူရှိရသူက လဖြစ်နေသလိုဘဲ
ကျွန်တော်မပိုင်ရရင်တောင် နှောင်းနဲ့အတူရှိချင်တယ်...လွမ်းရတာကိုမကြိုက်တဲ့အခါအဆုံးသတ်တွေမလှတတ်ဘူး...
တရားနဲ့ဖြေဆိုတဲ့စကားကပြောသူအဖို့လွယ်ပေမဲ့ ပြောခံရသူအဖို့ကတော့လွယ်တဲ့အရာမဟုတ်ပါ...အိပ်ဆေးတြွပေန့်ကျဲရက် အိမ်ရှေ့ခုံတန်းမှာအချစ်တွေကိုထွေးပိုက်ရင်း ထာဝရအိပ်စက်သွားတဲ့ ထိုလူသားဟာ သူအချစ်ဆုံးလူအတွက် နောက်ဆုံးထိတိုင်ပေးဆပ်ခဲ့ခြင်းဖြစ်သည်...
အချစ်ဆိုတာဘာလဲမေးရင် သေတဖန်သက်တဆုံးပေးဆပ်ခြင်းပါ...
"သားး...မာမီ့သားလေး...ချစ်တတ်လွန်းတယ်ကွယ်...ကံတရားက မျက်နှာသာမပေးခဲ့တော့ မာမီ့သားလေး အချစ်တွေမျောကုန်ပါရောလားကွယ်...မာမီရင်တွေကွဲပါပြီ"
KAMU SEDANG MEMBACA
🌹ချစ်နေခွင့်🌹 (Completed)🌹
Fantasiထာဝရဆိုတဲ့စကားရဲ့အနောက်မှာ ချစ်နေခွင့်အစားလွမ်းနေခွင့်ဆိုတာသာဖြစ်ခဲ့ရင်..... ထာဝရဆိုတဲ့စကားရဲ့အနောက်မှာ ချစ်နေခွင့်အစားလွမ်းနေခွင့်ဆိုတာသာဖြစ်ခဲ့ရင်..... Start date...5 Dec 2021 End date. 20.Dec.2021