03

40 11 4
                                    

[ U N I C O D E ]

'Waston!.......လမ်းကို လာခဲ့'

ဖုန်းထဲက မက်ဆေ့ကိုတစ်ချက်ကြည့်လိုက်ကာ ကိုင်နေကျ ဘေ့စ်ဘောတုတ်ကို ကားထဲထိုးထည့်တယ်။ နောက်ကနေ စိုးရိမ်တကြီးလှမ်းအော်တဲ့ မားအသံကို လျစ်လျူရှူလိုက်ပြီး ကားကို တရကြမ်း မောင်းထွက်လိုက်တယ်။ ချန်းဟွာစန်းဆိုတာ စိန်ခေါ်ရင် တိမ်ပေါ်ထိလိုက်မယ့်အမျိုး။

ချိန်းဆိုတဲ့ နေရာကိုရောက်တော့ သကောင့်သားတွေက ရောက်နှင့်နေပြီ။ အားလုံးတုတ်ကိုယ်စီနဲ့ စုစုပေါင်း ငါးယောက်။
ငါးယောက် တစ်ယောက် စိန်ခေါ်တဲ့သတ္တိကိုတော့ လေးစားပါတယ်။

ကားထဲက တုတ်ကိုဆွဲကာ ရပ်နေတဲ့ အုပ်စုကို ဘာမပြော ၊ ညာမပြောနဲ့ ဝင်ရိုက်လိုက်တယ်။
အရည်မရ ၊ အဖက်မရစကားတွေ ပြောဖို့လည်းအချိန်မရှိဘူး ။ နားထောင်ဖို့လည်းအချိန်မရှိဘူး။ ဒီတစ်ခါလည်း သူတို့ကြိုက်နေတဲ့ ဘယ်မဒီကများ သူ့ကို လာသဘောကျနေပြန်တာလဲ။ ရန်ဖြစ်ရတာ သဘောကျပေမယ့် အကြောင်းပြချက်က တစ်ခုတည်းပဲဖြစ်ဖြစ်နေတော့ သူ ငြီးငွေ့လာပြီ။

နောက်ဆုံးတစ်ယောက်ကို လေးချက်လောက် ဆက်ရိုက်ပြီးတဲ့အခါ သူလည်း ပန်းလာတယ်။ ဘယ်လိုပဲပြောပြော အများနဲ့တစ်ယောက်မို့ သူလည်း နည်းနည်းတော့ ခံလိုက်ရသေးတယ်။ သကောင့်သားတသိုက်ကတော့ အပြိုပြို အလဲလဲနဲ့ လစ်ပြေးသွားပြီ။ ဒီလောက်သတ္တိနဲ့များ သူ့ကို လာစိန်ခေါ်ရဲသေးတယ်။

လူပြတ်တဲ့လမ်းမပေါ်မှာမို့ ရပ်ထားတဲ့ကားကိုမှီကာ ထိုင်ချလိုက်တယ်။ ပြီးမှ မျက်လုံးမှိတ်ကာ အမောဖြေရတယ်။ တခဏကြာတော့
တစ်စုံတစ်ရာ လှမ်းလာသံကို ကြားရတယ်။
သူ အားယူကာ မျက်လုံးဖွင့်ကြည့်လိုက်တယ်။

ညအမှောင်ထုထဲက လမ်းမီးတိုင် ဝါကျင့်ကျင့်အောက်မှာ သူ့ကိုရပ်ကြည့်နေတဲ့တစ်စုံတစ်ယောက်ကို တွေ့တယ်။ မြင်နေကျ စက်ဘီးဖြူဖြူလေးဟာလည်း ဘေးမှာ ယှဥ်လျက်သား။ ဒါဟာ တိုက်ဆိုင်မှုဆိုလျှင်တောင် သူကတော့ တယ်လီပသီ( telepathy) လို့ ခေါင်းစဥ်တပ်မယ်။ ထိုအခိုက်အတန့်မှာ နွေးထွေးတဲ့ လက်တစ်စုံကို မျှော်လင့်နေမိတာ သူဝန်ခံပါတယ်။

XU XU RU SEN [ 栩栩如森 ]Where stories live. Discover now