07

45 12 4
                                    

[ U N I C O D E ]

ညအမှောင်ထဲမှာ လက်ထဲက မီးပန်းလေးဟာ အစွမ်းကုန်လင်းထိန်ပြီး တဖျစ်ဖျစ်နဲ့ တောက်လောင်နေတယ်။ လေထဲမှာ လက်ကိုလှုပ်ယမ်းလိုက်တော့ မီးဖွားလေးတွေဟာ ပန်းခိုင်လေးသဖွယ် တလှုပ်လှုပ်နဲ့။ သူ သိပ်သဘောကျတာပဲ ။

ထျန်ရွှီးနင်တို့ခြံရှေ့က လမ်းသွယ်လေးဟာ ညအခါမို့ ​လမ်းသွားလမ်းလာကင်းမဲ့နေတယ်။ သူကတော့ တစ်လမ်းလုံးကို အပိုင်ရထားသလိုမျိုး မီးပန်းတွေတစ်ခုပြီး တစ်ခုကိုင်ကာ ဟိုမှသည် ၊သည်မှဟို လှည့်ပတ်ကာ ပြေးလိုက် ၊လမ်းလျှောက်လိုက် လုပ်နေတယ်။ ထျန်ရွှီးနင်ကတော့ ထိုင်ခုံတစ်လုံးနဲ့ ထိုင်ကြည့်နေတယ်။ ကိုယ့်အာရုံနဲ့ကိုယ်မို့ မည်သည့်စကားမှ မဆိုမိကြ။

အနည်းငယ်တိုးဝှေ့လာသော လေအေးအေးကြောင့် hoodie အဝါက ခေါင်းစွပ်ကို ခေါင်းပေါ်ဆွဲတင်လိုက်တယ်။ မျက်ခုံးအောက်ထိ ဝဲကျနေတဲ့ ဆံပင်အချို့ကိုလည်း သပ်တင်ရတယ်။ အကျီလက်ဖျားတွေကို အနည်းငယ်ဆွဲချလိုက်တော့ လက်သွယ်သွယ်ရှည်ရှည်နှစ်ဖက်ဟာ အကျီလက်ထဲမှာ မြုပ်သွားတယ်။ အခု သူ့ပုံစံက ဘယ်လိုဥပမာပေးရမှန်းမသိတဲ့ အဝါလုံးလေးလို ဖြစ်နေတယ်။

"ထျန်ရွှီးနင် လာဗျာ ၊ ငြိမ်ငြိမ်ကြီးထိုင်မနေနဲ့"

ထျန်ရွှီးနင်က ခေါင်းခါပြတယ်။ တကယ်ပါပဲ။ ဒီလူဟာ ခေါင်းမငြိမ့်တတ်ဘူးထင်တယ်။ အမြဲ ခေါင်းခါတာတစ်မျိုးပဲ လုပ်တတ်တယ်။
ထိုင်နေတဲ့ဘေးကို သွားကာ လက်မောင်းကို အတင်းဆွဲခေါ်မှ ထလိုက်လာတယ်။ ဒါတောင် ပေကပ်ကပ်နဲ့။

"ရော့ ဒါကိုယူလိုက်"

သူ မီးညှိပြီးသား မီးပန်းသေးသေးလေးတစ်ခုကို လှမ်းပေးပေမယ့် ထျန်ရွှီးနင်က မယူ။ သူစိတ်မရှည်တော့ ။ ထျန်ရွှီးနင်လက်ကိုဆွဲယူကာ ထည့်ပေးလိုက်တယ်။ မီးပန်း လက်ထဲရောက်တာနဲ့ ထျန်ရွှီးနင်က မြေပြင်ပေါ် လွှတ်ချလိုက်တယ်။ ပြီးမှ သူ့ကို လှမ်းကြည့်လာတဲ့မျက်လုံးတွေထဲမှာ အားနာရိပ်အချို့ သန်းသွားသလိုပဲ။ သူသတိထားမိလိုက်တာကတော့ ထျန်ရွှီးနင်ရဲ့ လက်ဖျားတွေ သိပ်ကို အေးစက်နေတယ်ဆိုတာပါပဲ။ ပြီးတော့ ထျန်ရွှီးနင် ဘာဖြစ်နေလဲဆိုတာ သူသိပြီထင်တယ်။

XU XU RU SEN [ 栩栩如森 ]Where stories live. Discover now