04

29 13 0
                                    

[ U N I C O D E ]

အဲ့ဒီနေ့ကစလို့ ထိုကောင်ငယ်လေးကို မမြင်ရတာ တစ်ပတ်လောက်ရှိပြီ။ ပေါ်လာချင်တဲ့အချိန် ပေါ်လာပြီး ပျောက်ချင်တဲ့အချိန် ပျောက်သွားတာက သူ့စိတ်ကို အနည်းငယ်တော့ ကသိကအောက်ဖြစ်စေတယ်။ အနည်းငယ်ပါပဲ။ သို့ပေမယ့် မနက်ခင်း ပန်းပို့ပြီး အပြန်တိုင်း ထိုခုံတန်းမှာ တစ်စုံတစ်ယောက်များ ထိုင်စောင့်နေမလားဆိုတဲ့ အတွေးနဲ့ မျက်လုံးကစားမိတာကိုလည်း သူဝန်မခံချင်ပြန်ဘူး။

ဒဏ်ရာတွေ မသက်သာလို့များလား။ အဲ့ဒီလို တွေးမိတော့လည်း စိတ်ထဲမှာ တမျိုးပဲ။ အရင်က သူ သူစိမ်းတစ်ယောက်အကြောင်းကို ခေါင်းထဲမှာ ကြာကြာမထားတတ်ပါဘူး။ စာဖတ်လိုက်ရင်တော့ ဟိုဟိုဒီဒီအတွေးတွေ ပျောက်များသွားမလားဆိုပြီး စာအုပ်ကို ကောက်ကိုင်ရတယ်။ အပိုပါပဲ။ အလုပ်မဖြစ်ဘူး။ ထိုအခိုက်မှာ ထျန်ရွှီးနင်ဟာ ထျန်ရွှီးနင်မဟုတ်တော့သလိုပဲ။

"သားရေ မြို့ထဲက ဆိုင်က ဖုန်းဆက်တယ် ၊ ပန်းမျိုးစေ့အသစ်မှာထားတာ ရောက်ပြီတဲ့ ၊
သား သွားယူပေးမလား"

"ဟုတ်"

ပြန်ခါနီးမှာ ပန်းမျိုးစေ့ဆိုင်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ စားသောက်ဆိုင်ထဲက ထွက်လာတဲ့ တစ်စုံတစ်ယောက်ကို တွေ့ရတော့ သူ တစ်ပတ်လုံးခံစားခဲ့ရတဲ့ အမျိုးအမည်မသိတဲ့ရောဂါဟာ ချက်ချင်းပျောက်ကင်းသွားသလိုပဲ။

သို့ပေမယ့်....သို့ပေမယ့်.....။ လက်နှစ်ဖက်လုံးကို ဘောင်းဘီအိပ်ကပ်ထဲ ထည့်ကာ လမ်းလျှောက်လာတဲ့သူရဲ့ ဘေးမှာ ဆံပင်အခွေအခွေနဲ့ ကောင်မလေးက လက်မောင်းကို အားကိုးတကြီးတွဲခိုကာ ကပ်ပါလာတယ်။
သူလာမိတာ မှားပြီလို့ မဆီမဆိုင် တွေးမိသွားတယ်။ တကယ်ကို မဆီမဆိုင်ပါပဲ။ ဒီရက်တွေမှာ... အင်း...သူ အလကားစိတ်ပူမိသွားတယ်ထင်ပါရဲ့။ ထိုကောင်လေးကတော့ သူ့ကို မမြင်ပါ။

ဆံပင်ကို နောက်သိမ်းကာ ယောကျ်ားဆန်တဲ့ လူကြီးလူကောင်းတစ်ယောက်လိုအသွင်အပြင်နဲ့ ကောင်မလေးရှေ့မှာ မားမားမတ်မတ်နဲ့ အားကိုးချင်စရာကောင်လေးဟာ သူမြင်ဖူးတဲ့ လက်ချောင်းတွေမြုပ်အောင်အထိ အကျီလက်ရှည်အဖျားကို ဆွဲချကာဝတ်တတ်တဲ့ နူးနူးညံ့ညံ့ကောင်လေး ဟုတ်မနေခဲ့ဘူး။

XU XU RU SEN [ 栩栩如森 ]Where stories live. Discover now