05

37 13 2
                                    

[ U N I C O D E ]

"ကျွန်တော် အဝါရောင်ကို သဘောကျတယ်"

စက်ဘီးပေါ် ခုန်တက်ရင်း စကားစပြောလာတယ်။ သူ မမေးမိပါဘူး။ မနေ့ကလည်း နာမည်ပြောသွားသေးတယ်။ ဟွာစန်း...။နာမည်တောင်မသိပါပဲ သူ အိမ်ထိခေါ်သွားဖူးတဲ့ ကောင်လေးက ဟွာစန်းပါတဲ့။

အဝါပေါ်မှာ အညို ၊ အစိမ်းနှင့် အပြာဖျော့ဖျော့ရောယှက်ထားသော ဆွယ်တာပါးပါးလေးက ထိုကောင်လေးရဲ့ပခုံးသားဖြူဖြူ တွေကို အပြည့်အဝ ကာကွယ်ခြင်းငှာ မစွမ်းသာဘူး။ မချမ်းဘူးလား။ အတွေးထက် လက်ကပိုမြန်နေတော့ မှန်မှန်နင်းနေတဲ့ စက်ဘီးဟာ အရှိန်လျော့သွားတယ်။ ထိန်းချုပ်ဖို့အခက်ဆုံးဟာ လူ့စိတ်ပဲ ဖြစ်မယ်ထင်တယ်။ သူ ဘယ်လိုလုပ်ရမလဲ ။

"ကျွန်တော် ဘယ်ထိလိုက်လို့ရလဲ"

သူ ခေါင်းကို ခါယမ်းပြလိုက်တော့ ထိုကောင်လေးဟာ ခေတ္တတိတ်ဆိတ်သွားတယ်။ သူကတော့ စက်ဘီးဆက်နင်းနေဆဲပဲ။ မဖိတ်ခေါ်ပါပဲ သူ့စက်ဘီးပေါ်ရောက်လာတဲ့ ဒီကောင်လေးဟာ ဘယ်ထိလိုက်ဖို့ စိတ်ကူးထားလဲ သူမသိဘူး။ သူကိုယ်တိုင်လည်း ဘယ်အထိသွားဖို့ စက်ဘီးပေါ်တင်ခေါ်လာမိသလဲ မသိပြန်ဘူး။

ခဏကြာတော့ တိုးညှင်းစွာထွက်ပေါ်လာသော အသံနှင့်အတူ စက်ဘီးရဲ့ဝန်ဟာ တစ်ဝက်ပေါ့သွားတယ်။ ဘာလို့ မပြောမဆိုနဲ့ ခုန်ချရပြန်တာလဲ။

"ကျွန်တော် တွယ်ကပ်နေရတာကို သဘောမကျဘူး ထျန်ရွှီးနင် "

........................................................................

"ကျွန်တော် တွယ်ကပ်နေရတာကို သဘောမကျဘူး ထျန်ရွှီးနင် "

သူ ခုန်ဆင်းလိုက်ပေမယ့် စက်ဘီးဖြူလေးဟာ အမှုမထားစွာ အရှိန်မပျက်ဆက်သွားတယ်။ သူကတော့ ဆန့်ကျင်ဘက်အရပ်ဆီ တဖြည်းဖြည်းဝေးသွားတဲ့ ကျောပြင်သေးသေးကို ရပ်ကြည့်နေတုန်းပဲ။

"ဒါပေမယ့်...ခင်ဗျားဆီမှာတော့ တွယ်ကပ်နေမိမယ်ထင်တယ်"

ထိုကျောပြင်ကို မျက်စိတဆုံး လိုက်ကြည့်ပြီး
မြင်ကွင်းထဲက ပျောက်သွားသောအခါမှ သူလည်း ပြန်ရန်ပြင်လိုက်တယ်။ အိမ်ကကားကိုတော့ အကြိုခေါ်မနေတော့ပါ။ ကြုံရာ တက္ကစီနဲ့သာ ပြန်ခဲ့လိုက်တယ်။

XU XU RU SEN [ 栩栩如森 ]Where stories live. Discover now