06

37 12 0
                                    

[ U N I C O D E ]

"ကျွန်တော်က Basketball ကစားရတာကြိုက်တယ်"

" အင်ဂျင်နီယာကျောင်း တက်ချင်တယ်"

"အဆိုတော် ဖြစ်ချင်တယ်"

"ဓာတ်ပုံရိုက်ရတာ ဝါသနာပါတယ်"

"ဂိမ်း ကောင်းကောင်းမဆော့တတ်ဘူး"

စသည် ၊ စသည်ဖြင့်  မရိုးနိုင်သော စကားလုံးများကို ထိုကောင်လေးက သူ့ခေါင်းထဲသို့
နေ့စဥ်ထည့်တယ်။ တစ်လုံးမကျန်မှတ်မိနေတာတော့ သူ့ဦးနှောက်အပြစ်ပါ။ နံနက်ခင်းတိုင်း ပိုလာတဲ့တာဝန်တစ်ရပ်ကတော့ ထိုကောင်လေးကို စက်ဘီးနဲ့တင်ခေါ်ရတာပါပဲ။

အချိန်ကာလတစ်ခုဟာ လူတွေကို ပိုနီးစပ်လာစေတတ်သလား။ သူစိမ်းတစ်ယောက်ကတော့ဖြင့် သူ့အဝတ်ဗီရိုကို မွှေနှောက်နေလေရဲ့။

"ထျန်ရွှီးနင် hoodie မရှိဘူးလား"

"....."

သူပြန်မဖြေရသေးခင်မှာတင် ထိုသူက ဗီရိုအောက်ဆုံးမှ မွဲခြောက်​ခြောက်အရောင်နဲ့ hoodieတစ်ထည်ကို ရွှေတွေ့သလိုမျိုး ဝမ်းသာအယ်လဲနဲ့ ဆွဲထုတ်လာတယ်။ ထိုမျှနှင့်မပြီး ၊ သူ့ကိုယ်ပေါ်ကို လာကပ်ကြည့်ပြီး ပြောသေးတယ်။

"အဆင်ပြေတယ် ၊ ဒါဝတ်ခဲ့ ထျန်ရွှီးနင် "

ပိုင်စိုးပိုင်နင်းပါပဲ။ ကလေးတစ်ယောက်ဟာ သူ့ကို အမိန့်လာပေးနေတယ်။ ဦးနှောက်ကို နည်းနည်းအလုပ်ပေးလိုက်ချိန်မှာတော့ သူဟာ ထိုhoodieကို ကိုင်လျက်သားနဲ့ ရေချိုးခန်းတံခါးကို လော့ချပြီးနေပြီ။

အကျီလဲပြီးထွက်လာတော့ ထိုကောင်လေးက သူ့ကို လက်မနှစ်ချောင်းထောင်ပြတယ်။
ကြည့်ကောင်းတယ်ဆိုတဲ့သဘော။ ခုချိန်ထိ ဘယ်သွားမယ်ဆိုတာ သူမသိသေးဘူး။ အခန်းအပြင်ကို ထွက်ခါနီးမှ ထိုကောင်လေးဟာ ရုတ်တရက်သတိရသွားဟန်နဲ့ အိတ်ထဲက တစ်စုံတစ်ခုကို ထုတ်ကာ  သူ့ခေါင်းပေါ် လှမ်းတင်ပေးလာတယ်။ ဦးထုပ် အနက်ရောင်ဝိုင်းဝိုင်းလေး။

ထိုနည်းတူပဲ ကောင်လေးရဲ့ခေါင်းမှာလည်း ဦးထုပ်ဝိုင်းဝိုင်းလေးဆောင်းထားသေးတယ်။ ပြီးတော့ hoodieတစ်ထည်လည်း ထိုကောင်လေးခန္ဓာကိုယ်ပေါ်မှာ ရှိတယ်။

XU XU RU SEN [ 栩栩如森 ]Where stories live. Discover now