[ U N I C O D E ]
"Waston! ပါပါး သားအတွက် ဂုဏ်ယူပါတယ်"
သူ့ပခုံးကိုဖက်၍ လက်သီးလက်မောင်းတန်းကာ ပြောနေသောပါးကို ခေါင်းလေးညိတ်လို့ပြုံးပြလိုက်တယ်။ မားကလည်း ဘေးမှာ ကြည်ကြည်လင်လင်ပြုံးနေတယ်။
ဒီနေ့က တက္ကသိုလ်ဝင်တန်းရလဒ်တွေထွက်တဲ့နေ့...။မျှော်လင့်ထားသလိုပဲ။ သူ့အမှတ်တွေ အရမ်းကောင်းပါတယ်။ မြို့ရဲ့ထိပ်ဆုံးငါးယောက်စာရင်းမှာပါ ပါလာတော့ သူ့မိဘနှစ်ယောက်ဟာ ပျော်မဆုံး မော်မဆုံးပါပဲ။ သူလည်း ပျော်ပါတယ်လေ...။
ဖုန်းတဂွမ်ဂွမ်ဆက်ပြီးဂုဏ်ပြုပေးကြတဲ့သူငယ်ချင်းတွေကို ပြန်ဖြေရတာလည်း တစ်မနက်ခင်းလုံးပါပဲ။ အချစ်ဆုံးသူငယ်ချင်း ထျန်းယန်လည်း အမှတ်ကောင်းတာမို့ သူကျေနပ်ရတယ်။
အိမ်အပေါ်ထပ်ကအိပ်ခန်းဆီကို ခြေအလှမ်းမှာပဲ ပါးကအော်ပြောလာတယ်။
"ဂုဏ်ပြုပွဲကို နက်ဖြန်ညနေလုပ်ဖို့ စီစဥ်လိုက်တော့မယ်"
သူဘာမှပြန်မပြောနေတော့ပဲ လှေကားထစ်တွေကိုသာ နင်းဖြတ်ခဲ့လိုက်တယ်။ ပါးနဲ့မားကတော့ ပွဲအတွက် သေချာပေါက်အလုပ်များနေတော့မှာဖြစ်တယ်။ သူကတော့ ရောက်မလာတဲ့ ဂုဏ်ပြုစကားတစ်ခွန်းကို အသည်းအသန်မျှော်နေမိတော့တာပဲ။
တကယ်ပဲ...နေနိုင်လိုက်တာ!
........................................................................
မြို့မျက်နှာဖုံးသူဋ္ဌေးအိမ်က ရွှေအိုရောင်ညနေခင်းလေးတစ်ခုက လူစည်ပါတယ်။ သူ့ကျောင်းနေဘက်တွေထက် ပါးမိတ်ဆွေတွေက ပိုများနေတယ်။ ပါးကတော့ သူငယ်ချင်းတွေနဲ့ ထိုင်နေတဲ့သူ့ကို လှမ်းလှမ်းခေါ်ပြီး ပါးမိတ်ဆွေတွေနဲ့ မိတ်ဆက်ပေးတော့တာပဲ။ အရယ်အပြုံးတွေဖောဖောသီသီနဲ့ သမီးရှင်တွေလည်း အများအပြားပါပဲ။ အရောတဝင်စကားလာပြောတဲ့ မဒီလေးတွေကိုလည်း သူ ပုံမှန်ပဲဆက်ဆံဖြစ်တယ်။
"Waston မင်းကျဲကို လာနှုတ်ဆက်လိုက်ဦး"
ပါးရဲ့လှမ်းခေါ်သံနဲ့အတူ အကုန်လုံးရဲ့မျက်လုံးတွေက သူ(မ)အပေါ် ညွတ်ကျသွားတယ်။ တောက်ပြောင်နေတဲ့ နီညိုရောင်ပွဲတက်ဂါဝန်က ခန္ဓာကိုယ်ပေါ်မှာ ချပ်ချပ်ရပ်ရပ်။ ဆံနွယ်အခွေအခွေတွေကို သေသပ်စွာထုံးဖွဲ့ထားပုံက အသက်အရွယ်နဲ့မလိုက်အောင် အများကြီးရင့်ကျက်သွားစေတယ်။ ဒီနေ့ပွဲရဲ့ ပျိုမဒီတွေကြားမှာ သူ(မ)ဟာ ကွင်း(Queen) ဖြစ်လိမ့်မယ်။
YOU ARE READING
XU XU RU SEN [ 栩栩如森 ]
FanfictionX X R S [ Myanmar ] There 're many acres of fields, gentle cool breeze, neon lights, a faded bench and the boy who is used to waylaying someone in a beltway..... Start date - 25 / 12 / 2021