Chapter(20)

4.4K 534 6
                                    

《တစ်ယောက်မှအလွတ်မပေးဘူး》

Unicode

တင်းကျပ်နေသောလေထုသည် လီရှီကို အနည်းငယ် အသက်ရှူမဝဖြစ်စေသည်။

လွန်ခဲ့သည့် သုံးနှစ်က နှုတ်ဆက်ခဲ့ပြီး
နောက် ထိုကဲ့သို့သော ပြန်တွေ့မည့်
နေ့တစ်နေ့ ရှိလိမ့်မည်ဟု သူဘယ်တုန်းကမှ မတွေးခဲ့မိပေ။ တုန်ရွှမ်နှင့် တွေ့ဆုံကာကြောက်ရွံ့မှုကို ရင်ဆိုင်ရသည်ထက် သူ 'အမေ'ဟုခေါ်ခဲ့သော ထိုအမျိုးသမီးဆွန်းရိကျန်ကို ပိုလို့တောင် မတွေ့ချင်ပေ။

ကြောက်ရွံ့ခြင်းထက် အပြစ်ကိုရင်ဆိုင်ရန် ပို၍ခက်ခဲတာကြောင့်ဖြစ်သည်။

ဆွန်းရိကျန်က ထိန့်လန့်မှုကို ထိန်းချုပ်
ထားတဲ့ ဒီလူကိုကြည့်ပြီး ဒီနေ့အထိ တုန်ရွှမ်နဲ့ လီရှီကို မခွဲခြားနိုင်သေးပေ။
သူတို့နှစ်ယောက်က အမြွှာတွေလိုပဲ။
မနေ့က ဖြစ်ပျက်ခဲ့တာကို သူမ မသိခဲ့ရင် သူ့ကို တုန်ရွှမ်လို့ သေချာပေါက် ဆက်ဆံမိလိမ့်မယ်။

မနေ့က အဖြစ်အပျက်ကို ပြန်တွေးရင်း ဆွန်းရိကျန် ခေါင်းကိုက်သွားတယ်။

ရှဲ့ရွှယ်ရှင်က ရွှီချန်ပေ့ကို ထိတာကြောင့် မဟုတ်ဘဲ ရှဲ့ရွှယ်ရှင်ရဲ့ စိတ်ရင်းကြောင့် ဖြစ်သည်။

ဒီကောင်လေးအတွက်လား?

မုန်းဖို့ နောက်ကျသွားပြီ၊ ဘာလို့ သူ့ကို ကယ်လိုက်တာလဲ။ သူမ နှလုံးသားထဲမှာပဲ ဆိုးတဲ့ အတွေးတွေရှိနေလို့လား?

"ငါထင်ထားသလို ရွှေအိမ်လေးမှာဖွက်ထားတယ်ဆိုတာ တကယ်မှန်ပုံရတယ်၊ မင်းရှင်းပြသင့်တယ်မဟုတ်လား?"
(ရွှေအိမ် - ရှေးခေတ်တုန်းက မောင်းမမိဿံတွေ၊ မယားငယ်တွေထားတဲ့အိမ်ကို ရည်ညွှန်းတာပါ)

"ရှင်းပြစရာလိုလို့လား?" ရှဲ့ရွှယ်ရှင်က ဘာမှမထူးခြားစွာနဲ့ ပြောလိုက်တယ်။

"မင်းဘာလို့ ရွှီချန်ပေ့ကို အနိုင်ယူချင်ရတာလဲ"

"သူ့ကိုမျက်စိထဲမှာ ကြည့်မရလို့"

ဆွန်းရိကျန်က ဒေါသတကြီးနဲ့ "မင်းဘယ်တုန်းက ဒီလောက်မတည်မငြိမ်ဖြစ်နေခဲ့လို့လဲ? ဂုဏ်သိက္ခာရှိတဲ့ ရှီကျန်းရဲ့ဘိုးဘေးတွေကို မရိုမသေပြုပြီး လူတွေကို ရယ်စရာဖြစ်အောင်လုပ်တယ်။ မင်း သူ့ အတွက်ကြောင့်လားဆိုတာ ငါ့ကို
ရှင်းရှင်းလင်းလင်းပြောစမ်းပါ !"

အစားထိုးအိမ်ထောင်ရေး(MM Translation){Completed}Wo Geschichten leben. Entdecke jetzt