Chapter(26)

4.2K 452 9
                                    

《ကျောက်တုံးကိုမပြီး ကိုယ့်ခြေထောက်ပေါ်ကိုယ်ပစ်ချတယ်》

Unicode

၎င်းတို့နှစ်ဦးသည် အချင်းချင်းပြိုင်ဘက်
များဖြစ်ကြ၍ ထိပ်တိုက်တွေ့ပြီဆိုလျှင် မည်သူမျှ အလျှော့မပေးချင်ကြပေ။ 

ရှူဟွေ့ယွမ်က လီရှီကို အစပိုင်းမှာ စိတ်မဝင်စားပေမယ့် ရှဲ့ရွှယ်ရှင်က ဒီလိုမျိုးဖြစ်နေတာမြင်တော့ ပြိုင်ဘက် တစ်ယောက်အနေနဲ့ ဒါကို အခွင့်ကောင်း မယူခဲ့ရင် ရှဲ့ရွှယ်ရှင်ကို မနာလိုတဲ့အတွက် စိတ်အေးနိုင်မှာမဟုတ်ဘူး။ 

နှစ်ယောက်သား စိတ်မချမ်းသာစွာနဲ့ပဲ လမ်းခွဲလိုက်ကြသည်။ 

လီရှီက သူတို့နှစ်ယောက် ဒီလိုမျိုး တိတ်တဆိတ်လာတွေ့ကြဖို့ကို မတွေးမိဘဲ လွန်ခဲ့တဲ့ နှစ်ရက်လောက်ကစ၍ အလုပ်လုပ်ရာမှာ ပိုမိုလွယ်ကူလာတယ်လို့ ခံစားလိုက်ရပြီး ရှူဟွေ့ယွမ်က သူ့အပေါ် နည်းနည်းလေး သဘောကောင်းလွန်း နေတာကြောင့် သူ့ကို စိတ်မသက်မသာ ဖြစ်စေခဲ့တယ်။ 

ကျဲ့ရှောင်ရှန်း ပြန်ရောက်သောအခါ လာကြိုပေးရန် တောင်းဆို၍ လီရှီက သူ့ကို လေဆိပ်တွင် ခေါ်ဆောင်ရန် ကြိုတင်ထွက်ခွာလာခဲ့သည်။ 

သူသည် Runhua မှ ထွက်လာသော်လည်း ရှဲ့ရွှယ်ရှင်ကို မတွေ့ရဘဲ လေဆိပ်သို့ သွားရာလမ်းတစ်လျှောက်သည် ချောချောမွေ့မွေ့နဲ့ ရှောင်ရှန်းဆီကို ရောက်သွားခဲ့သည်။ 

ကျဲ့ရှောင်ရှန်းသည် ယခုအခါ နိုင်ငံရပ်ခြားတွင် သိပ္ပံပညာဆိုင်ရာ သုတေသနလုပ်ငန်းများအား လုပ်ဆောင်နေပြီး တရုတ်နိုင်ငံသို့ ပြန်လာခဲသည်။ မိဘမဲ့ဂေဟာကထွက်လာတဲ့ ကလေးတွေနဲ့ ယှဉ်ရင် ကျဲ့ရှောင်ရှန်းရဲ့ အောင်မြင်မှုတွေက တကယ်ကို ထူးချွန်ထက်မြက်တယ်။ 

သို့သော် သူမသည် ပြောစရာမလိုအောင် အရပ်ရှည်ပြီး လှပသော်လည်း ဆေးသုတေသနကို အစွဲလန်းကြီး စွဲလန်း နေကာ သူမမည်မျှလှပနေသည်ကို ဂရုမစိုက်ပေ။ 

တက္ကစီပေါ်မှ ဆင်းလာပြီးနောက် လီရှီသည် ခရီးဆောင်အိတ်ကြီးကို လက်ထဲတွင် ကိုင်ဆောင်ကာ ကျဲ့ရှောင်ရှန်းက သူ့လက်ကိုင်အိတ်သူ ယူ၍ လီရှီနေသည့် မိဘမဲ့ဂေဟာသို့
လိုက်သွားခဲ့သည်။ ရုတ်တရက်
သူမကရပ်လိုက်ပြီး လီရှီကိုခေါ်လိုက်ကာ "လီရှီ" 

အစားထိုးအိမ်ထောင်ရေး(MM Translation){Completed}Where stories live. Discover now