Chapter(14)

4.3K 597 7
                                    

《သုံးနှစ်ကြာပြီးမှ ဒီမျက်နှာကို မြင်ရတာတောင် သူ့ကိုရင်မဆိုင်နိုင်သေးဘူး》

Unicode

ဤအမာရွတ်သည် ဝမ်းဗိုက်အောက်ပိုင်း
အလယ်တွင်ရှိပြီး အလွန်ထင်ရှားသည်။ ၎င်း၏အထူနှင့်အရှည်ကိုကြည့်လျှင် လီရှီ သည် ပြင်းထန်သောဒဏ်ရာရခဲ့ခြင်း သို့
မဟုတ် ခွဲစိတ်မှုတစ်ခုပြုလုပ်ခဲ့ပုံရသည်။ 

လီရှီသည် ရှဲ့ရွှယ်ရှင်၏သုန်မှုန်နေသော မျက်နှာကိုကြည့်ပြီး နှလုံးခုန်မြန်လာကာ
လက်ဖဝါးများတွင် ချွေးထွက်နေသည်။ ငါဘာလုပ်ရမလဲ။ သူ့ဦးနှောက်ကို အလျင်
အမြန်အလုပ်ပေးကာ တွေးတောနေမိ
တယ်၊ ​​ဒီအမာရွတ်ကို ဘယ်လိုဖျောက်ရ
မလဲ၊ ခွဲစိတ်တာကလွဲလို့ ဒီလိုပေါ်လာစရာ
တခြားအကြောင်းများရှိသေးလား၊ ဒဏ်ရာလား?

ဟုတ်ပါတယ်၊ သူကော်ကော်ကိုခွဲမွေးတုန်း
က ကျန်နေခဲ့တဲ့ဒဏ်ရာအမာရွတ်ဖြစ်
သည်။ လီရှီက ဒီစကားလုံးသုံးလုံးကို ပြောရမှာကို အရမ်းရှက်သွားပေမယ့် လက်ရှိ'အခက်အခဲ'ကို ဘယ်လိုကျော်ဖြတ်
ရမလဲဆိုတာ ရှက်တာထက် ပိုအရေးကြီး
နေတယ်။ 

မင်းပြန်မဖြေရင် ငါလက်မလျှော့ဘူးဆိုတဲ့
ဟန်ပန်ဖြင့် သူ့ခေါင်းထက်ကလူက သူ့ကိုစိုက်ကြည့်နေကာ လီရှီကတံတွေးမျို
ချလိုက်ပြီး ထိတ်လန့်တုန်လှုပ်စွာနဲ့ "ဒါကပြီးခဲ့ပါပြီ၊ အသေးစားခွဲစိတ်မှုတစ်ခု လုပ်ခဲ့တာပါ"

"အသေးစားခွဲစိတ်မှု ဟုတ်လား?" ရှဲ့ရွှယ်ရှင်က အနည်းငယ်မယုံချင်နိုင်ဖြစ်
နေတယ်။

"တကယ်!" သူမယုံတာကိုမြင်တော့ လီရှီက "ကျွန်တော် အိမ်မှာနေပြီး ဝတ္ထုတွေရေးဖူး
တယ်၊ အလုပ်များနေခဲ့ရင် အနားယူချိန်မ
မှန်တဲ့အပြင် အချိန်မှန်လည်းမစားခဲ့ဘူး၊ ဒါကြောင့်အူလမ်းကြောင်းမှာပြသနာလေး
တစ်ခုရှိခဲ့တယ်။ အခုတော့ အားလုံးပို ကောင်းမွန်လာပါပြီ" 

ရှဲ့ရွှယ်ရှင်က လီရှီ၏ မျက်လုံးများကို ဆန်းစစ်ကြည့်တော့ ထိတ်လန့်တကြား ဖြစ်နေတာကို တွေ့လိုက်ရသည်။
ဤလူက သူ့ကို အချိန်တိုင်း ဒီလိုမျက်လုံး
မျိုးဖြင့် ကြည့်နေခဲ့သည်။သူပို၍ကြည့်ချင်
သော်လည်း အမြဲတမ်း လှည့်ထွက်သွားခဲ့
သည်။

အစားထိုးအိမ်ထောင်ရေး(MM Translation){Completed}Donde viven las historias. Descúbrelo ahora