Chapter(22)

3.8K 522 10
                                    

《မကောင်းတဲ့ ခံစားချက်》

Unicode

လီရှီသည် ရှဲ့ရွှယ်ရှင်ပြန်ခေါ်ဆိုလာသည့်
ဖုန်းကို ကိုင်ဖို့မဝံ့ရဲဘဲ ပြန်မဖြေချင်သောကြောင့် ရှဲ့ရွှယ်ရှင်မှ အလိုအလျောက် ဖုန်းချသွားရန်သာ စောင့်ဆိုင်းနေခဲ့သည်။ တကယ်တမ်း ဖုန်းချလိုက်သောအခါတွင်တော့ လီရှီသည် အသည်းကွဲသွားသလို ခံစားလိုက်ရတယ်၊ သို့သော်လည်း ချက်ချင်းပင် ရှဲ့ရွှယ်ရှင်မှ ဖုန်းထပ်ခေါ်လာပြန်သည်။ 

မင်းကိုငါမဖမ်းမမိချင်း အရှိန်အဟုန်နဲ့
ဆက်တိုက်ခိုက်နေဦးမှာပဲ။ 

ရှဲ့ရွှယ်ရှင်သည် အလွန်ဇွဲရှိစွာနဲ့ပဲ၊ ဤလူသည် သူ့အား အောက်ခြေအဆုံးစွန်
ထိ စိန်မခေါ်တာ ပိုကောင်းလိမ့်မည်။ 

"ဘာလို့ အခုမှ ကိုင်တာလဲ" လီရှီက ဖုန်းပြန်ဖြေလိုက်သည်နှင့် ရှဲ့ရွှယ်ရှင်၏ အမေးကို ခံရသည်။ 

"ငါ ခုနကပဲ ရေချိုးခန်းထဲ သွားလို့ မကြားလိုက်ဘူး" 

ရှဲ့ရွှယ်ရှင်က ဒီလိမ်ညာမှုကို မယုံပေမယ့် ခါတိုင်းလိုတော့ ရန်လိုစိတ်မရှိခဲ့ဘူး 
"ဘာကိစ္စရှိလို့လဲ" 

"ကျွန်တော် မှားပြီးခေါ်လိုက်မိတာပါ" 

"ငါယုံမယ်လို့ မင်းထင်နေလား" ရှဲ့ရွှယ်ရှင် က နောက်ကျနေပြီဖြစ်ပေမယ့် သူ့အား ဖုန်းဆက်ရန် စောင့်မျှော်နေမိသည်၊ ဒီလူက သူ့ကို လွမ်းနေတာ ဖြစ်နိုင်တယ်။ 

လီရှီက "တကယ်တော့ငါမေးချင်တာရှိလို့" 
ရှဲ့ရွှယ်ရှင်က အသက်အောင့်ကာ စောင့်နေလိုက်မိတယ်။ 

"ငါဒီလိုအလုပ်ကထွက်သွားရင် စာချုပ်က
ရော၊ ငါပိုက်ဆံလျော်ပေးရမှာလား၊ Snowရဲ့ပိုက်ဆံဆုံးရှုံးရမှာလား?"

ရှဲ့ရွှယ်ရှင်: "....." 

"ဘယ်သူမှ ပိုက်ဆံ မဆုံးရှုံးဘူး" သူအံကြိတ်ထားလိုက်မိသည်။ 

"ဒါဆိုအရမ်းကောင်းတယ်" လီရှီဟာ စိတ်အေးလက်အေးရှိသွားရတယ်၊ သူဘာပိုက်ဆံမှပေးစရာ မလိုသလို၊ ဘယ်သူ့ကိုမှလည်းအကြွေးမတင်ဘူးဆိုရင် သူ့ဘဝလေးကို ဆက်ပြီးရှင်သန်နေထိုင်နိုင်ပါတယ်။ 

အစားထိုးအိမ်ထောင်ရေး(MM Translation){Completed}Where stories live. Discover now