Chapter(6)

5.2K 726 14
                                    

《သူတစ်စက်မှမနာလိုဘူး》

Unicode

လီကျွင်းကော်သည် မျက်မှန်ဘောင်ကို သူ့မျက်နှာပေါ်တွန်းတင်လိုက်သည်။မျက်မှန်သည် အလွန်ပေါ့ပါးပြီး လေးလံခြင်းမရှိသော်လည်း သူ့အတွက် အနည်းငယ်ကြီးလွန်းသည်။သူ၏မျက်နှာသည် သေးငယ်နေပြီး ထိုမျက်မှန်က သူ့ မျက်နှာတစ်ဝက်လောက်ကိုဖုံးအုပ်ထားနိုင်သည်။

ကလေးများနှင့်အတူ သဲတွေနဲ့ဆော့နေစဉ် မတ်တပ်ရပ်လိုက်သောအခါ မတော်တဆ ချော်လဲကျပြီး လူတစ်ကိုယ်လုံး သဲထဲပြုတ်ကျကာ ညစ်ပတ်သွားခဲ့သည်။

ရှဲ့ရွှယ်ရှင်သည် တုန်ရွှမ်ပြောသော မျက်မှန်တပ်ထားသည့်ကလေးအားကြည့်ရှုလိုက်သည်၊ကလေးသည်ကစားနေစဉ်တွင်ပြုတ်ကျကာ သဲများဖုံးလွှမ်းသွားသည်။ ရှဲ့ရွှယ်ရှင်သည် သန့်ရှင်းမှုကိုအစွဲအလမ်း ကြီးတာကြောင့် စက်ဆုပ်စွာအကြည့်ကိုလွှဲလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် ဤသူသည် သူ့သားမဟုတ်ပါ၊ သူ့သားသည် ဤညစ်ပတ်သောဆော့ကစားခြင်းကို လုံးဝကြိုက်မည်မဟုတ်။

ရုပ်ဆိုးတာကြည့်ရင် သူ့မိဘတွေက ပိုတောင်ရုပ်ဆိုးအုန်းမယ်။

ရှဲ့ရွှယ်ရှင်က ဒီဟင်းကို လုံးဝစားဖို့ မရည်ရွယ်ပေ။ သူ့စိတ်ထဲမှာ ငြီးငွေ့နေပြီး အသက်ရှုချင်နေတယ်။ တုန်ရွှမ်စားပြီးတာနဲ့ ကုမ္ပဏီကို ပြန်မောင်းသွားခဲ့တယ်။

ငါးနာရီထိုးနေပြီဖြစ်တာကြောင် Snowရဲ့ ဝန်ထမ်းတွေ တယောက်ပြီး တယောက် အလုပ်ဆင်းကြတော့ လီရှီလည်း
ကွန်ပြူတာပိတ်ပြီး မထွက်ခင် အောက်ထပ်ကို ငုံ့ကြည့်လိုက်တော့ ကားမရှိတော့ဘူး။

မြန်မြန်၊ မြန်မြန်၊ ရှဲ့ရွှယ်ရှင် ပြန်မလာခင်
သူထွက်သွားရမယ်။

သူကုမ္ပဏီကထွက်လာတော့ ကျန်းကျွင်း က အပြင်မှာစောင့်နေတယ်။ အတူတူထမင်းစားဖို့ ချိန်းထားကြတာဖြစ်သည်။ သိပ်မကြာခင်မှာပဲ ကျန်းကျွင်းက နောက်ထပ်ဝတ္ထုတစ်အုပ်အတွက် မူပိုင်ခွင့်ကို ရောင်းလိုက်တဲ့အတွက် မူပိုင်ခွင့်အခကြေးငွေအများကြီးရခဲ့တယ်။ ဒီနေ့တော့ပင်လယ်စာတစ်ဆိုင်လုံးကိုငှား၍ သူငယ်ချင်းတွေကို စားဖို့ဖိတ်ထားပြီး
လမ်းမှာရှိနေလို့လီရှီကိုလာကြိုတာဖြစ်သည်။

အစားထိုးအိမ်ထောင်ရေး(MM Translation){Completed}Tempat cerita menjadi hidup. Temukan sekarang