Chapter(23)

3.9K 543 7
                                    

《မျက်နှာမူပြီး ရင်ဆိုင်လိုက်တယ်》

Unicode

ရှောင်ဟုန်က "ဘာကိုလဲ" ရုတ်တရက်ကြီး သူ့ကို မေးလိုက်တာကြောင့်
နားမလည်နိုင်ဖြစ်နေတယ်။ 

ရှဲ့ရွှယ်ရှင်၏နှလုံးသားသည် ပြင်းထန်စွာခုန်နေပြီး အသဲအသန် ဖိနှိပ်ထားကာ ငြိမ်သက်အောင်ပြုလုပ်ရမည့်အကြောင်းကို တွေးတောမနေနိုင်ဘဲ သူ့အသံက အနည်းငယ်တုန်ယင်နေပြီး "မင်းကို သူဘယ်တုန်းက မေးခဲ့တာလဲ" 

"ဘယ်အချိန်လဲဆိုရင်?" ရှောင်ဟုန်က ကြာနေပြီဖြစ်လို့မှတ်မိဖို့အတော်ကြိုးစားလိုက်ရပြီး"မတော်တဆမဖြစ်ခင်လောက်မှာ တွေ့ဖြစ်ခဲ့တာ၊ တိုင်တိုက်ဆိုင်ဆိုင်ပဲ အဲ့ဒီနောက်ပိုင်း မင်းမျက်လုံးတွေက ပိုကောင်းလာခဲ့တယ်လေ" 

ရှောင်ဟုန်ဟာ ​​လစဉ်လတိုင်း စိတ်ပိုင်းဆိုင်ရာ အကြံဉာဏ်ပေးဖို့ သူ့ဆီလာခဲ့တယ်။ ရှဲ့ရွှယ်ရှင်ရဲ့ မတော်တဆမှုဖြစ်သည့်မတိုင်ခင်တွင် နောက်ဆုံးအကြိမ်စစ်ဆေးခြင်းကို မှတ်မိနေခဲ့သည်။ ထိုအချိန်က လ၏အစဖြစ်ပြီး ရှောင်ဟုန်သည် သူ၏ရောဂါကိုကြည့်ရှုပြီး နောက်တစ်နေ့တွင် ရှဲ့ရွှယ်ရှင်၏မွေးနေ့ဖြစ်သည်။ 

အဲဒီ့မွေးနေ့မှာလည်း ဓားပြတွေနဲ့တွေ့ခဲ့
ပြီး လီရှီက သူ့ကို ပင်လယ်ထဲ တွန်းချခဲ့တယ်။ 

ရှဲ့ရွှယ်ရှင်သည် သူဟာဒရမ်ကို ယုံကြည်ချက်ရှိရှိတီးနေသလိုပင်။ သူသည် ရယ်စရာကောင်းမှန်း သိပေမယ့် မျှော်လင့်ချက်နည်းနည်းရှိလာတိုင်း ပိုကောင်းလာနိုင်မလားဟု မတွေးဘဲ
နေနိုင်ပေ။ 

လီရှီက သူ့မျက်လုံးတွေကို ကုစားဖို့
အတွက် ရေထဲကို ရက်စက်စွာ တွန်းချခဲ့တယ်ဆိုတာ ဖြစ်နိုင်ပါ့မလား?

ဒါဟာတကယ်ဖြစ်နိုင်သလား?

ရှဲ့ရွှယ်ရှင်က ရှောင်ဟုန်အား ဇာတ်လမ်းတစ်ခုလုံးကို ပြောပြခဲ့ပြီး ရှောင်ဟုန်ကအံ့ဩသွားခဲ့ရသည်။ 

မျှော်လင့်ထားသည့်အတိုင်း ရှောင်ဟုန်၏ ပထမဆုံးစိတ်ခံစားမိသည်မှာ တကယ်ဖြစ်
နေခဲ့ကာ သူမှန်နေခဲ့တာပဲ!
ရှဲ့ရွှယ်ရှင်သည် အမှန်တကယ်ပင် မျက်စိကွယ်စေသော စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခုရှိခဲ့သည်။ 

အစားထိုးအိမ်ထောင်ရေး(MM Translation){Completed}Onde histórias criam vida. Descubra agora