Chapter(19)

4K 525 3
                                    

《ဆေးပြား》

Unicode

ရှဲ့ရွှယ်ရှင်သည် ကြီးမားသော ရိုက်နှက်မှုများကို ပြုလုပ်ခဲ့သည်။

ခြေထောက်ကန်ချက်တိုင်းက တည်ငြိမ်ပြီး ရက်စက်ကြမ်းကြုတ်ကာ ချက်ကောင်းကို
ထိသည်။ ရိုက်ချက်တွေက အရမ်း
သေသပ်ပြီး လှုပ်ရှားမှုသည်လည်း ပေါ့ပေါ့ပါးပါးရှိနေသည်။ သူတို့က တိုက်ခိုက်နေတယ်ဆိုတာ သိသာထင်ရှား ပေမဲ့ အလွန်ပြေပြစ်ပြီး ချောမွေ့နေတယ်။ ရွှီချန်ပေ့ကို ဒီလို ဆက်ဆံရတာက ကြွက်ဖမ်းတဲ့ ကြောင်တစ်ကောင်လိုပင်။

ရှဲ့ရွှယ်ရှင်သည် ရွှီချန်ပေ့က မြေပြင်ပေါ်တွင် လှဲနေရာမှ ပြန်မထနိုင်မချင်း ရိုက်နှက်တာကို
မရပ်လိုက်ပေ။

ဒဏ်ရာဒဏ်ချက်တွေက အရမ်းပြင်းထန်
လို့နေ၍ ဤသည်မှာသူအလိုရှိသည့် အရာပင်ဖြစ်သည်။

ပွဲပြီးဖို့ မိနစ်အနည်းငယ်သာ အချိန်ယူခဲ့ရတယ်။ ဒါဟာ ရန်ပွဲလို့ ထင်ရပေမယ့် တကယ်တော့ ရွှီချန်ပေ့ကသာ အရိုက်ခံရတာဖြစ်ပြီး ရှဲ့ရွှယ်ရှင်ကတော့ သူ့အဝတ်အစားတွေ
တောင် တွန့်ကြေသွားခြင်းမရှိပေ။

မူလတန်းကျောင်းအရွယ်ထဲက လေ့ကျင့်ခဲ့ သည့် ရှဲ့ရွှယ်ရှင်၏တိုက်ကွက်များသည် တော်ရုံမသုံးတတ်ပေမဲ့ သူစုဆောင်းထားသော စွမ်းအင်များသည် အသုံးမဝင်တာတော့မဟုတ်ဘဲ ရွှီချန်ပေ့ကို ဖမ်းဆုပ်နိုင်ခဲ့သည်။
ဤရိုက်နှက်မှုသည် ကြီးမားသော စွမ်းအားဖြင့် နယ်စပ်ကိုဖြတ်ကျော်
ဝင်ရောက်လာသည့် ပြင်းထန်သော
မုန်တိုင်းကဲ့သို့ သူ၏ဒေါသ နှင့် နာကြည်းမှုတို့ကို ပြေပျောက်စေသည်။

ရွှီချန်ပေ့သည် မြေပြင်ပေါ်တွင် လဲလျောင်းနေပြီး လေမရှိဘဲ အသက်ရှူ နေရသလို မောဟိုက်နေသည်။

သူ့သူငယ်ချင်းလေးယောက်သည် ရှဲ့ရွှယ်ရှင် ရပ်တန့်သွားတာကိုမြင်တော့
ထိုသူနှင့်သုံးမီတာအကွာကို အမြန်ရွေ့သွား လိုက်တယ်။ ရွှီချန်ပေ့နဲ့ တခြားသူတွေကို ဂရုမစိုက်နိုင်ပေမယ့် သူတို့ရဲ့အသက်ကို ကယ်တင်ဖို့ကသာ ပိုအရေးကြီးတယ်။
ရှဲ့ရွှယ်ရှင်သည် သူ့အဝတ်အစားများကို ခါထုတ်ကာ အသက်ရှုချိန်ညှိ၍ မျက်လုံး
ဖွင့်လိုက်ပြီး လီရှီကို ကြည့်လိုက်သည်။
လီရှီသည် အေးစက်နေတဲ့လေထုကြောင့် အသက်မရှူဝံ့ဘဲ ရှဲ့ရွှယ်ရှင်၏မျက်နှာမှာ မည်းမှောင်နေပြီးကြောက်စရာကောင်းနေ
ကာ သူ့ကိုအချိန်မရွေး ထသတ်နိုင်
သကဲ့သို့ ဖြစ်နေသည်။

အစားထိုးအိမ်ထောင်ရေး(MM Translation){Completed}Onde histórias criam vida. Descubra agora