Unicode
ဝူရိဖန်ကို မုန်းတယ်။ မဟုတ်ဘူး ကျွန်တော့်မျက်နှာကို တစ်ချက်မကြည့်ပဲ ထွက်သွားရက်ခဲ့တဲ့ခင်ဗျားကို မုန်းတယ်။
Zhang Yixing
မင်းကိုယ့်အခြေအနေတွေကို နားလည်မပေးနိုင်ရကောင်းလား ဆိုပြီးတော့ ကိုယ်အပြစ်မတင်ချင်ဘူး။ မင်းရောကိုယ်ရော မမှားခဲ့ဘူး။
ကိုယ်တကယ်အဆင်မပြေခဲ့ကြောင်း၊ ရွေးချယ်စရာမရှိခဲ့ကြောင်း ဆင်ခြင်တွေလဲ မပေးချင်တော့ဘူး။
တောင်းပန်ပါတယ်၊ တောင်းပန်ပါတယ် ရှင်း။
ဒီစကားကလွဲလို့ ကိုယ့်မှာဘာမှပြောစရာမရှိဘူး။
ကိုယ်တကယ် တောင်းပန်ပါတယ် ရှင်းငယ်~Wu Yifan
_____________________
Yifanက သူ့ကိုရက်ရက်စက်စက် ထားပစ်ခဲ့တယ်လို့ ယုံကြည်နေတဲ့ Yixingက မုန်းလည်းမမုန်းနိုင်၊ မေ့လည်း မမေ့ပစ်နိုင်ပဲ အတင်းကြိတ်မှိတ်မုန်းနေရာက ပိုပိုပြီးသတိရမိ၊ ချစ်မိလာခဲ့လို့ တစ်ယောက်တည်း စိတ်ပင်ပန်းဒုက္ခရောက်ပြီး အထီးကျန်ခြင်းကို စတင်ခံစားလာရတယ်။
Yifanက အခြေအနေအမျိုးမျိုးကြောင့် မဖြစ်မနေထားခဲ့ရပေမယ့် တစ်စက္ကန့်လေးတောင် မချစ်ပဲမနေနိုင်ခဲ့ပဲ အချိန်တိုင်းသတိရနေပေမယ့် ကိုယ့်ကိုယ်ကိုယ်အပြစ်ရှိတယ်လို့ ခံစားရတာကြောင့် ဘယ်တော့မှအခြေအနေအမှန်ကို မဖွင့်ပြောခဲ့ဘူး။
ဘာတွေများ မှားခဲ့ကြလို့လဲ။ ဘယ်သူတွေမှားခဲ့တာလဲ။ လောကကြီးရဲ့ မာယာလှည့်ကွက်တွေအောက်မှာ ဘယ်နှယောက်လောက်ထပ်ပြီး ငိုကြွေးနေရအုံးမှာလဲ။
___________
မချိုလွန်း၊ မခါးလွန်းတဲ့ Drama, Romance typeလေးပါ။ ♡
ဤficသည်Sera၏ စိတ်ကူးယဉ်ဇာတ်လမ်းသက်သက်သာဖြစ်သည်။ အပြင်idolများနှင့် လုံးဝသက်ဆိုင်ခြင်းမရှိပါ။
ပထမဆုံးစရေးဖြစ်တာမလို့ အမှားအယွင်းတွေရှိခဲ့ရင် ထောက်ပြဝေဖန်ပြီး ဖေးမပေးကြပါအုံးရှင်။ 🥺❤️
---------------------------*****--------------------------Zawgyi
ဝူရိဖန္ကို မုန္းတယ္။ မဟုတ္ဘူး ကြၽန္ေတာ့္မ်က္ႏွာကို တစ္ခ်က္မၾကည့္ပဲ ထြက္သြားရက္ခဲ့တဲ့ခင္ဗ်ားကို မုန္းတယ္။
Zhang Yixing
မင္းကိုယ့္အေျခအေနေတြကို နားလည္မေပးႏိုင္ရေကာင္းလား ဆိုၿပီးေတာ့ ကိုယ္အျပစ္မတင္ခ်င္ဘူး။ မင္းေရာကိုယ္ေရာ မမွားခဲ့ဘူး။
ကိုယ္တကယ္အဆင္မေျပခဲ့ေၾကာင္း၊ ေ႐ြးခ်ယ္စရာမ႐ွိခဲ့ေၾကာင္း ဆင္ျခင္ေတြလဲ မေပးခ်င္ေတာ့ဘူး။
ေတာင္းပန္ပါတယ္၊ ေတာင္းပန္ပါတယ္ ႐ွင္း။
ဒီစကားကလြဲလို႔ ကိုယ့္မွာဘာမွေျပာစရာမ႐ွိဘူး။
ကိုယ္တကယ္ ေတာင္းပန္ပါတယ္ ႐ွင္းငယ္~Wu Yifan
_____________________
Yifanက သူ႕ကိုရက္ရက္စက္စက္ ထားပစ္ခဲ့တယ္လို႔ ယုံၾကည္ေနတဲ့ Yixingက မုန္းလည္းမမုန္းႏိုင္၊ ေမ့လည္း မေမ့ပစ္ႏိုင္ပဲ အတင္းႀကိတ္မွိတ္မုန္းေနရာက ပိုပိုၿပီးသတိရမိ၊ ခ်စ္မိလာခဲ့လို႔ တစ္ေယာက္တည္း စိတ္ပင္ပန္းဒုကၡေရာက္ၿပီး အထီးက်န္ျခင္းကို စတင္ခံစားလာရတယ္။
Yifanက အေျခအေနအမ်ိဳးမ်ိဳးေၾကာင့္ မျဖစ္မေနထားခဲ့ရေပမယ့္ တစ္စကၠန္႔ေလးေတာင္ မခ်စ္ပဲမေနႏိုင္ခဲ့ပဲ အခ်ိန္တိုင္းသတိရေနေပမယ့္ ကိုယ့္ကိုယ္ကိုယ္အျပစ္႐ွိတယ္လို႔ ခံစားရတာေၾကာင့္ ဘယ္ေတာ့မွအေျခအေနအမွန္ကို မဖြင့္ေျပာခဲ့ဘူး။
ဘာေတြမ်ား မွားခဲ့ၾကလို႔လဲ။ ဘယ္သူေတြမွားခဲ့တာလဲ။ ေလာကႀကီးရဲ႕ မာယာလွည့္ကြက္ေတြေအာက္မွာ ဘယ္ႏွေယာက္ေလာက္ထပ္ၿပီး ငိုေႂကြးေနရအုံးမွာလဲ။
___________
မခ်ိဳလြန္း၊ မခါးလြန္းတဲ့ Drama, Romance typeေလးပါ။ ♡
ဤficသည္Sera၏ စိတ္ကူးယဥ္ဇာတ္လမ္းသက္သက္သာျဖစ္သည္။ အျပင္idolမ်ားႏွင့္ လုံးဝသက္ဆိုင္ျခင္းမ႐ွိပါ။
ပထမဆုံးစေရးျဖစ္တာမလို႔ အမွားအယြင္းေတြ႐ွိခဲ့ရင္ ေထာက္ျပေဝဖန္ၿပီး ေဖးမေပးၾကပါအုံး႐ွင္။ 🥺❤️
---------------------------*****-------------------------
YOU ARE READING
Again
Fanfiction''ပြန်လာနိုင်မလား။ ပြန်လာခွင့်ရှိသေးရဲ့လား။ မင်းကို ကိုယ့်ရင်ခွင်ထဲ ထပ်ခိုနားဖို့ အရှက်မရှိတောင်းဆိုချင်မိသား" "ျပန္လာႏိုင္မလား။ ျပန္လာခြင့္႐ွိေသးရဲ႕လား။ မင္းကို ကိုယ့္ရင္ခြင္ထဲ ထပ္ခိုနားဖို႔ အ႐ွက္မ႐ွိေတာင္းဆိုခ်င္မိသား"