အပိုင်း ၄။

27 6 0
                                    

Yifan pov;

မနက် ၃နာရီ ရှိနေပြီ။ Yifan တစ်ယောက် အခုထိအိပ်မပျော်နိုင်သေးပါ။ ဘာမဟုတ်တဲ့ ကိစ္စလေးတစ်ခုကြောင့်နဲ့ သူ့ရဲ့အဖိုးတန် အချိန်တွေပေးထားရတာမလား။ သူတို့နိုင်ငံရဲ့ အတော်ဆုံးဆိုသည့် စုံထောက်ရဲအရာရှိများက မစုံစမ်းနိုင်ရလောက်တဲ့အထိ သိုဝှက်လွန်းတဲ့ ထိုလူက ဘယ်သူများလဲ။ စဉ်းစားလေ၊ ဒေါသဖြစ်လေဖြစ်သည်။ သူမလုပ်ခဲ့တဲ့ ကိစ္စတစ်ခုအတွက် အလုပ်တွေပါ ခဏတာရပ်နားထားရသည်လေ။ Yifanက အလုပ်လုပ်ရတာကိုသဘောကျသည်။ အလုပ်တွေမရပ်မနားလုပ်ချင်သည်။ အလုပ်လုပ်သည့်အခါ သူ့ရဲ့ခန္ဓာကိုယ်ကလှုပ်ရှားနေရပြီး၊ ဦးနှောက်ကစဉ်းစား‌နေရတဲ့အတွက် အခြားကိစ္စတွေမတွေးဖြစ်ဘူး။ Yifanအရမ်းကြောက်တဲ့ အမှန်တရားတွေကို မတွေးဖြစ်ဘူး။ အဲ့ဒီလူကို သူတကယ်ဆုံးရှုံးလိုက်ရပြီဆိုတဲ့အမှန်တရား။ အဲ့ဒီအတွေးက သူ့ကို ရူးသွားစေဖို့လုံလောက်တယ်။ အဲ့ဒါကြောင့် Yifanက ‌တစ်နေကုန် တစ်နေခမ်း မရပ်မနားအလုပ်တွေလုပ်တယ်။ ညဖက်ကို ညနက်တဲ့အထိအလုပ်လုပ်ပြီး တစ်နေ့ကို ၃၊ ၄နာရီလောက်ပဲ အိပ်ဖြစ်တယ်။ ထို ၃၊ ၄နာရီလောက်ကိုလည်း အိပ်ဆေးကူရတာဖြစ်တယ်။ Yifanက ညဖက်အိပ်မပျော်ဘူး။ အဲ့ဒါအမှန်ပဲ။ သူက တကယ်ပြဿနာတွေများလိုက်တာ။

ညတိုင်းဘေးမှာအမြဲအတူရှိနေတတ်တဲ့ အနွေးဓာတ်ကလေးမရှိတော့တဲ့အခါ၊ အိပ်မပျော်တဲ့ညတွေတိုင်း သီချင်းဆိုပြမယ့် အသံချိုချိုကလေးမရှိတော့တဲ့အခါ Yifan ရဲ့ ညတွေက အရင်လိုအိပ်မက်လှလှကလေးတွေမက်ဖို့ မဖြစ်နိုင်တော့ဘူး။

Yifan က ကိုးရီးယားကနေ ပြန်လာတဲ့ညက တစ်ညလုံး မရပ်မနားငိုဖြစ်တယ်။ အရာအားလုံးကို  ဆုံးရှုံးလိုက်ရသလိုမျိုး။ သူ့မှာ ဘာမှမရှိတော့သလိုမျိုး။ တလောကလုံးမှာ သူတစ်ယောက်တည်း ကျန်ခဲ့သလိုမျိုး။ တစ်ညလုံး သည်းသည်းထန်ထန်ငိုကြွေးတယ်။ နောက်နေ့လည်း ထပ်ငိုတယ်။ နောက်နေ့တွေလည်း ထပ်ငိုပြန်တယ်။ တစ်ပတ်တိတိ အိပ်မပျော်၊ စားမဝင်ပဲ ငိုကြွေးနေတဲ့အခါ ခန္ဓာကိုယ်ရော၊ စိတ်ရော မခံစားနိုင်တာနဲ့ လဲသွားတယ်။ manager geက Yifan ခံစားနေရမှာသိလို့ တစ်ပတ်တိတိလွတ်ထားပေးခဲ့ပေမယ့် တစ်ပတ်ပြည့်တဲ့နေ့မှာ သူ့ရဲ့တိုက်ခန်းစီ ကိုယ်တိုင်လိုက်လာတယ်။ လဲကျနေတဲ့ သူ့ကိုဆေးရုံခေါ်သွားပေးတာလည်း သူပါပဲ။ အဲ့ဒီနေ့ကနေစပြီး ဆရာဝန်ရှောင်က သူ့ရဲ့ personal doctor ဖြစ်လာခဲ့တာပဲ။ သူနဲ့ ဆရာဝန်ရှောင်က ဆရာဝန်နဲ့ လူနာဆက်ဆံရေးထက် ညီအစ်ကိုသူငယ်ချင်းလို ရင်းနှီးကြတယ်။ အခုထိလည်း ဆရာဝန်ရှောင်တိုက်တဲ့ဆေးတွေနဲ့မှ သူအိပ်ပျော်နိုင်တယ်။ ဆရာဝန်ရှောင်က ဒီနှစ်တွေအတွင်း သူ့ကို အနားကနေအမြဲ ဂရုစိုက်ပေးခဲ့ကြတဲ့ သူတွေထဲတစ်ယောက်အပါအဝင်ဖြစ်တယ်။

AgainWhere stories live. Discover now